ကျန်းမာရေးဝန်ထမ်းများက CDM ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ထမ်းများက CDM ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်
ဖေဖော်ဝါရီ 18, 2021 | နိုင်ငံရေး

ကျန်းမာရေးဝန်ထမ်းများက CDM ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်



စစ်အာဏာရှင်ပြုတ်ကျပြီး ပြည်သူ့အစိုးရထံ အာဏာပြန်လည်အပ်နှင်းသည့်အချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများက CDM ကို ဆက်လက် လုပ်ဆောင်မည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈ ) ရက်နေ့၌ ထုတ်ပြန်လိုက်သည်။



စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ သိမ်းလိုက်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM ကို စတင်လုပ်ဆောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ဌာနပေါင်းစုံမှ ပြည်သူ့ဝန်ထမ်းများလည်း ပူးပေါင်းပါဝင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။



Tachileik News Agency