ရေစကြို ဒေသကာကွယ်ရေးစခန်း ၂ ခု စွန့်ခွာရပြီး လက်နက်အချို့ ဆုံးရှုံး

ရေစကြို ဒေသကာကွယ်ရေးစခန်း ၂ ခု စွန့်ခွာရပြီး လက်နက်အချို့ ဆုံးရှုံး
By Tachileik News Agency

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့်  Myingyan Black Tiger (MBT)အဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ပြီးနောက်  ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့အထိ MDT က စခန်း (၂) ခုစွန့်ခွာခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အခြေပြုလှုပ်ရှားနေသည့် Myingyan Black Tiger(MBT)၏ စခန်းအမှတ် (၂)ကို မတ်လ (၂၁)ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမှုအတွင်း MBT တပ်ဖွဲ့ဝင်များ လွတ်မြောက်ခဲ့သော်လည်း  လက်လုပ်ပခုံးထမ်းလောင်ချာ နှစ်လက်၊ လက်လုပ် (RPG)တစ်လက်နှင့် ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က တပ်မ ၉၉ နှင့် MDT စစ်ကြောင်းတို့ (၃)ရက်ကြာ တိုက်ခိုက်ပြီး မတ်လ (၁၈)ရက်နေ့တွင် MBT ၏ စခန်းတစ်ခုကို စွန့်ခွာခဲ့ရပြီး (၃)ရက်အကြာတွင် ဒုတိယစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး  Myingyan Black Tiger (MBT)နှင့်အတူ ဗိုလ်ကြာစိဦးဆောင်သည့် FEDERAL ARMY၊YSO.ISA၊MGK မြင်းခြံတပ်ဖွဲ့၊ Royal Eagle People Defence Force (YSO)တို့ကလည်း ကူညီတိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်နေပြီး စခန်းစွန့်ခွာရမှုတို့ကြောင့် Myingyan Black Tiger (MBT)အနေဖြင့် အကူအညီများလိုအပ်နေသည်ဟုလည်း သိရသည်။