စပ်တပ်ကအာဏာသိမ်းပြီး (၆)ရက်မြောက်နေ့တွင် အင်တာနက်လိုင်းများ ထပ်ပိတ်

စပ်တပ်ကအာဏာသိမ်းပြီး (၆)ရက်မြောက်နေ့တွင် အင်တာနက်လိုင်းများ ထပ်ပိတ်
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် (၆) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် လူမှုကွန်ယက်ဆက်သွယ်ရေး လမ်းကြောင်းများနှင့် အင်တာနက်များအား ထပ်မံပိတ်လာသည်ကို တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်လိုင်းများအားလုံးကို ဖြတ်တောက်ခဲ့ပြီးနောက် (၃) ရက်မြောက်နေ့ဖြစ်သည့် ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစပြီး facebook လူမှုကွန်ယက်ကို ပိတ်လာပြီး အင်တာနက်လိုင်းများ ကန့်သတ်ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

MPT ဖုန်းလိုင်း၏ အင်တာနက်လိုင်းများကို နံနက်(၁၀)နာရီကျင်က စ၍ ပိတ်လိုက်သော်လည်း ပုဂ္ဂလိက ဆက်သွယ်ရေးလိုင်းဖြစ်သည့် Telenor ဖုန်းလိုင်းမှာ လတ်တလောတွင် အချို့မြို့နယ်များတွင် အင်တာနက် အသုံးပြုလို့ရနေကြောင်း သိရသည်။

ယင်းနောက် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် facebook အပြင်၊ Instagram၊ Twitter၊ Viber စသည့် လူမှုကွန်ယက်ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ပိတ်လာခြင်းဖြစ်သည်။

Tachileik News Agency