ရွာငံမြို့နယ်တွင် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၂)ဦး သေဆုံး

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရွာငံမြို့နယ်ရဲ့ စစ်စီးကုန်းကျေးရွာတောင်ဘက်ခြမ်းမှာ 

ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက် (၂)ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ရွာငံမြို့နယ်ရဲ့ စစ်စီးကုန်းကျေးရွာတောင်ဘက်ခြမ်းမှာ စစ်ကောင်စီဘက်က ပျူစောထီးနဲ့တပ်သားတို့ ကားနဲ့ရောက်ရှိလာမဲ့အကြောင်း အတွင်းသတင်းရရှိထားတဲ့   

ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ၂၀၂၄ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၂)ဦး သေဆုံးသွားပြီး သူတို့တွေရဲ့ လက်နက်နဲ့ကျည်တွေကို  ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။