မြဝတီ သဘာဝတရားရိပ်သာပေါ်  စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို (၂)ဦး သေဆုံး 

 ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီ သဘာဝရိပ်သာ တရားဆေးရုံ(ဘိုးဘွားရိပ်သာ)တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို (၂)ဦး သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့ န့နက်(၁၁)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့သလို ကျောင်းဆောင်လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

မြဝတီ သဘာဝရိပ်သာ တရားဆေးရုံ(ဘိုးဘွားရိပ်သာ)တွင် ခိုကိုးရာမဲ့ သက်ကြီးရွယ်အို ဘိုးဘွားများအပါအဝင် လူနာ (၁၈၀)ကျော်ရှိကြောင်း သိရသည်။