စစ်ကောင်စီတပ်က  အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သားအမိနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်

 ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း င/တန်ပျင်းကျေးရွာနေ သားအမိနှစ်ဦးအနက် သမီးဖြစ်သူကို စစ်ကောင်စီတပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက် သမီးနှင့်မိခင်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် တပ်သား ကိုကိုအောင်၏ ဝန်ခံထွက်ဆိုမှုနှင့် မုဒိမ်းကျင့်သည့် ဖြစ်စဉ်အား သရုပ်ပြထားသည့် ရုပ်သံမှတ်တမ်းအား AA က ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့ ညပိုင်းက ထုတ်ပြန်လာသည်။