ရေစကြို ကျေးလက်ဦးစီးဌာနရုံးကို PDF က ဗုံးခွဲ သတိပေး

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ကျေးလက်ဦးစီးဌာနရုံးအား သတိပေးသည့် အနေဖြင့် ဗုံးခွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို)က သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့ ရုံးပိတ်ရက်တွင် မြို့နယ်ကျေးလက်ဦးစီးဌာနရုံးအား ဗုံးခွဲကာ သတိပေးခဲ့ပြီး မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေသည့် ဝန်ထမ်းများ နှင့် နောက်လိုက်များ နိုဝင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထားကာ ပြည်သူနှင့်အတူ ပူးပေါင်းရန် ရေစကြို PDF က နောက်ဆုံးအကြိမ်အဖြစ် ထပ်မံသတိပေးထားကြောင်း သိရသည်။

နောက်တစ်ကြိမ်တွင် ရုံးပိတ်ရက် ရုံးဖွင့်ရက် မရှောင်တော့ဘဲ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရေစကြို PDF က အတိအလင်း ကြေညာထားရှိသည်။