ဘရာဇီးေဘာလံုးအသင္း လုိက္ပါလာသည့္ ေလယာဥ္ပ်က္က်

ဘရာဇီးေဘာလံုးအသင္း လုိက္ပါလာသည့္ ေလယာဥ္ပ်က္က်
နိုဝင်ဘာ 29, 2016
By Tachileik News Agency

ကိုလံဘီယာမွာ ဖုိင္နယ္ပြဲကစားဖို႔သြားတဲ့ ဘရာဇီးေဘာလံုးအသင္း Brazil’s Chapecoense Real အဖြဲ႕ဝင္ေတြ အပါအဝင္ ခရီးသည္ (၇၂)ဦးပါဝင္တဲ့ ေလယာဥ္ဟာ ကိုလံဘီယာႏုိင္ငံ မန္ဒဲလင္း ႏုိင္ငံတကာေလဆိပ္မွာ ပ်က္က်သြားေၾကာင္း သိရပါတယ္။

အသက္ရွင္က်န္သူေတြ ရိွႏုိင္တယ္လို႔ေတာ့ မန္ဒဲလင္းၿမိဳ႕ေတာ္ဝန္က ေျပာၾကားထားပါတယ္။

ကိုလံဘီယာႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ မန္ဒဲလင္းအနီးမွာ ႏို၀င္ဘာလ(၂၈)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညလယ္ပိုင္းက ပ်က္က်သြားတာျဖစ္ၿပီး အေရးေပၚကယ္ဆယ္ေရးေတြ သြားေနၾကၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ေလယာဥ္ပ်က္က်ရတဲ့အေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး။

ဘိုလီးဗီးယားကေန ထြက္ခြာလာတဲ့ ေလယာဥ္မွာ ဘရာဇီးေတာင္ပိုင္းက ေဘာလံုးအသင္းျဖစ္တဲ့ Chapecoense အသင္းသားေတြ ဗုဒၶဟူးေန႔ Copa Sudamerica ဖုိင္နယ္ပြဲမွာ Atletico Nacionalနဲ႔ ကစားဖို႔ လုိက္ပါလာၾကတယ္လို႔ မန္ဒဲလင္းေလဆိပ္တာဝန္ရိွသူေတြက အတည္ျပဳထားပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; newsworldindia

~~~~~~~~⊰❂ unicode ~~~~~~~~
ကိုလံဘီယာမှာ ဖိုင်နယ်ပွဲကစားဖို့သွားတဲ့ ဘရာဇီးဘောလုံးအသင်း Brazil’s Chapecoense Real အဖွဲ့ဝင်တွေ အပါအဝင် ခရီးသည် (၇၂)ဦးပါဝင်တဲ့ လေယာဉ်ဟာ ကိုလံဘီယာနိုင်ငံ မန်ဒဲလင်း နိုင်ငံတကာလေဆိပ်မှာ ပျက်ကျသွားကြောင်း သိရပါတယ်။

အသက်ရှင်ကျန်သူတွေ ရှိနိုင်တယ်လို့တော့ မန်ဒဲလင်းမြို့တော်ဝန်က ပြောကြားထားပါတယ်။

ကိုလံဘီယာနိုင်ငံရဲ့မြို့တော် မန်ဒဲလင်းအနီးမှာ နိုဝင်ဘာလ(၂၈)ရက်နေ့ ဒေသစံတော်ချိန် ညလယ်ပိုင်းက ပျက်ကျသွားတာဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ သွားနကြပြေီဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ဘိုလီးဗီးယားကနေ ထွက်ခွာလာတဲ့ လေယာဉ်မှာ ဘရာဇီးတောင်ပိုင်းက ဘောလုံးအသင်းဖြစ်တဲ့ Chapecoense အသင်းသားတွေ ဗုဒ္ဓဟူးနေ့ Copa Sudamerica ဖိုင်နယ်ပွဲမှာ Atletico Nacionalနဲ့ ကစားဖို့ လိုက်ပါလာကြတယ်လို့ မန်ဒဲလင်းလေဆိပ်တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; newsworldindia 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~