တာခ်ီလိတ္တြင္ ဆုိင္အဝင္ေၾကာ္ျငာေစ်းႏႈန္းထက္ ပိုေရာင္းေနသည့္ စက္သံုးဆီဆုိင္မ်ားကို စစ္ေဆးေတြရိွ

တာခ်ီလိတ္တြင္ ဆုိင္အဝင္ေၾကာ္ျငာေစ်းႏႈန္းထက္ ပိုေရာင္းေနသည့္ စက္သံုးဆီဆုိင္မ်ားကို စစ္ေဆးေတြရိွ
ဧပြီ 25, 2019
By 🌸

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕မွ စက္သံုးဆီဆိုင္မ်ားကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၅) ရက္ေန႔ နံနက္ပိုင္းက ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးရာတြင္ ဆီဆိုင္အဝင္တြင္ ေၾကာ္ျငာထားသည့္ေစ်းႏႈန္းႏွင့္ အမွန္တကယ္ေရာင္းခ်သည့္ေစ်းႏႈန္း မတူညီသည္ကိုစစ္ေဆးေတြ႕ရိွရသျဖင့္ ေစ်းႏႈန္းမွန္ကန္ေရးအတြက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"စည္းကမ္းခ်က္နဲ႔အညီေရာင္းခ်မႈ ရိွ၊ မရိွေပါ့။ စည္းကမ္းခ်က္ေတြကေတာ့ အမ်ားႀကီးရိွတာေပါ့။ ဆီျပည့္၊ မျပည့္က အဓိကေပါ့။ ဆီဆိုင္ (၉) ဆိုင္စစ္တာ။ မ်ားေသာအားျဖင့္ကေတာ့ ေစ်းႏႈန္းမမွန္တာပါ။ ဆိုင္းဘုတ္မွာ တင္ထားတဲ့ေစ်းႏႈန္းနဲ႔ အတြင္းထဲမွာေရာင္းေနတဲ့ေစ်းႏႈန္းမတူတာဘူး။ ဆီကေတာ့ ျပည့္ပါတယ္။ ေစ်းကေတာ့ အျပင္ေစ်းနဲ႔ အတြင္းေစ်းမတူဘူး။ ဒီအတြက္ ကၽြန္ေတာ္တို႔ ေကာ္မတီ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္နဲ႔ လုပ္ငန္းရွင္ေတြပါတဲ့ ေစ်းႏႈန္းကိစၥအစည္းအေဝးေခၚထားတယ္"ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျမန္မာ့ေရနံထြက္ပစၥည္းေရာင္း၀ယ္ေရးလုပ္ငန္းမွ ဒုတိယျပည္နယ္ေရာင္းဝယ္ေရးအရာရိွ ဦးေက်ာ္ေက်ာ္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
စက္သံုးဆီေရာင္းခ်သည့္ဆိုင္ႀကီးမ်ားကို စစ္ေဆးရမည့္ အခ်က္ (၂၀) အနက္ စက္သံုးဆီသိုေလွာင္ကန္၊ သိုေလွာင္ရံုမ်ားႏွင့္ ပတ္သက္၍ သတၱဳတြင္းဦးစီးဌာန၏သိုေလွာင္ခြင့္လိုင္စင္၊ စက္သံုးဆီအေရာင္းဆိုင္၊ သိုေလွာင္ကန္မ်ားႏွင့္ ပတ္သက္၍ ျမန္မာ့ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္း၏ စက္သံုးဆီသိုေလွာင္ျဖန္႔ျဖဴးေရာင္းခ်ခြင့္လိုင္စင္၊ မီးေဘးအႏၱရာယ္ကာကြယ္ေရးအတြက္ လိုအပ္သည့္မီးသတ္ပစၥည္းကိရိယာမ်ား ျပည့္စံုလံုေလာက္မႈ၊ မီးသတ္ေဆးဘူးမ်ား အသံုးျပဳႏိုင္သည့္သက္တမ္းႏွင့္ မီးေဘးအႏၱရာယ္အခ်က္ေပးကိရိယာ၊ သိုေလွာင္ကန္မ်ားႏွင့္ ဆက္သြယ္ထားသည့္ပိုက္လိုင္းမ်ားသည္ စက္သံုးဆီႏွင့္ဆီေငြ႕မ်ားယိုစိမ့္မႈႏွင့္ လံုၿခံဳစိတ္ခ်ရမႈ၊ ေရာင္းခ်သည့္စက္သံုးဆီအမ်ိဳးအစားအလိုက္ သင့္ေတာ္သည့္ေစ်းႏႈန္းျဖင့္ ေရာင္းခ်ျခင္းႏွင့္ ေရာင္းခ်သည့္စက္သံုးဆီအမ်ိဳးအစားအလိုက္ အရည္အေသြး၊ အေရအတြက္၊ မွန္ကန္မႈတို႔ႏွင့္ ကိုက္ညီမႈအေျခအေနကို စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။
"ေကာ္မတီနဲ႔ဆိုေတာ့ မီးသတ္ကေတာ့ မီးေဘးလံုၿခံဳေရးနဲ႔ပတ္သက္တာ စစ္ေပါ့။ စည္ပင္ကေတာ့ လုပ္ငန္းလိုင္စင္နဲ႔ ပတ္သက္တာစစ္ေပါ့။ အခြန္က်ေတာ့လည္း အခြန္နဲ႔ပတ္သက္တာ စစ္ေပါ့။ MPPE က်ေတာ့လည္း ဆီအျခင္အတြယ္နဲ႔ပတ္သက္တာစစ္ေပါ့။ မီးသတ္နဲ႔ပတ္သက္ၿပီးေတာ့ ဘာမွေျပာစရာမရိွပါဘူး။ မီးသတ္ေဆးဘူးေတြ ဘာေတြျပည့္စံုတယ္ေပါ့။ အေပါ့စားေရစုပ္စက္တို႔၊ မီးသတ္ေဆးဘူးတို႔ ဆီအျခင္အတြယ္ကို ပလက္စတစ္ပံုးနဲ႔မေရာင္းဖို႔တို႔ အကုန္လံုးေျပာထားၿပီးသား"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
စက္သံုးဆီအေရာင္းဆိုင္ႀကီး (၉) ဆိုင္ကို ဝင္ေရာက္စစ္ေဆးရာတြင္ အခ်ိန္အတြယ္မွန္ကန္ေသာ္လည္း ေစ်းႏႈန္းမွန္ကန္မႈမရိွသည္ကို ဆိုင္အမ်ားစုတြင္ စစ္ေဆးေတြ႕ရိွခဲ့ရသည့္အတြက္ ေစ်းႏႈန္းမွန္ကန္ေရးအတြက္ လုပ္ငန္းရွင္မ်ားႏွင့္ ညိႇႏိႈင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဆိုင်အဝင်ကြော်ငြာဈေးနှုန်းထက် ပိုရောင်းနေသည့် စက်သုံးဆီဆိုင်များကို စစ်ဆေးတွေ့ရှိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ စက်သုံးဆီဆိုင်များကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာတွင် ဆီဆိုင်အဝင်တွင် ကြော်ငြာထားသည့်ဈေးနှုန်းနှင့် အမှန်တကယ်ရောင်းချသည့်ဈေးနှုန်း မတူညီသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ဈေးနှုန်းမှန်ကန်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"စည်းကမ်းချက်နဲ့အညီရောင်းချမှု ရှိ၊ မရှိပေါ့။ စည်းကမ်းချက်တွေကတော့ အများကြီးရှိတာပေါ့။ ဆီပြည့်၊ မပြည့်က အဓိကပေါ့။ ဆီဆိုင် (၉) ဆိုင်စစ်တာ။ များသောအားဖြင့်ကတော့ ဈေးနှုန်းမမှန်တာပါ။ ဆိုင်းဘုတ်မှာ တင်ထားတဲ့ဈေးနှုန်းနဲ့ အတွင်းထဲမှာရောင်းနေတဲ့ဈေးနှုန်းမတူတာဘူး။ ဆီကတော့ ပြည့်ပါတယ်။ ဈေးကတော့ အပြင်ဈေးနဲ့ အတွင်းဈေးမတူဘူး။ ဒီအတွက် ကျွန်တော်တို့ ကော်မတီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ လုပ်ငန်းရှင်တွေပါတဲ့ ဈေးနှုန်းကိစ္စအစည်းအဝေးခေါ်ထားတယ်"ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးကျော်ကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်သုံးဆီရောင်းချသည့်ဆိုင်ကြီးများကို စစ်ဆေးရမည့် အချက် (၂၀) အနက် စက်သုံးဆီသိုလှောင်ကန်၊ သိုလှောင်ရုံများနှင့် ပတ်သက်၍ သတ္တုတွင်းဦးစီးဌာန၏သိုလှောင်ခွင့်လိုင်စင်၊ စက်သုံးဆီအရောင်းဆိုင်၊ သိုလှောင်ကန်များနှင့် ပတ်သက်၍ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် လိုအပ်သည့်မီးသတ်ပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်မှု၊ မီးသတ်ဆေးဘူးများ အသုံးပြုနိုင်သည့်သက်တမ်းနှင့် မီးဘေးအန္တရာယ်အချက်ပေးကိရိယာ၊ သိုလှောင်ကန်များနှင့် ဆက်သွယ်ထားသည့်ပိုက်လိုင်းများသည် စက်သုံးဆီနှင့်ဆီငွေ့များယိုစိမ့်မှုနှင့် လုံခြုံစိတ်ချရမှု၊ ရောင်းချသည့်စက်သုံးဆီအမျိုးအစားအလိုက် သင့်တော်သည့်ဈေးနှုန်းဖြင့် ရောင်းချခြင်းနှင့် ရောင်းချသည့်စက်သုံးဆီအမျိုးအစားအလိုက် အရည်အသွေး၊ အရေအတွက်၊ မှန်ကန်မှုတို့နှင့် ကိုက်ညီမှုအခြေအနေကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

"ကော်မတီနဲ့ဆိုတော့ မီးသတ်ကတော့ မီးဘေးလုံခြုံရေးနဲ့ပတ်သက်တာ စစ်ပေါ့။ စည်ပင်ကတော့ လုပ်ငန်းလိုင်စင်နဲ့ ပတ်သက်တာစစ်ပေါ့။ အခွန်ကျတော့လည်း အခွန်နဲ့ပတ်သက်တာ စစ်ပေါ့။ MPPE ကျတော့လည်း ဆီအခြင်အတွယ်နဲ့ပတ်သက်တာစစ်ပေါ့။ မီးသတ်နဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး။ မီးသတ်ဆေးဘူးတွေ ဘာတွေပြည့်စုံတယ်ပေါ့။ အပေါ့စားရေစုပ်စက်တို့၊ မီးသတ်ဆေးဘူးတို့ ဆီအခြင်အတွယ်ကို ပလက်စတစ်ပုံးနဲ့မရောင်းဖို့တို့ အကုန်လုံးပြောထားပြီးသား"ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်သုံးဆီအရောင်းဆိုင်ကြီး (၉) ဆိုင်ကို ဝင်ရောက်စစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်သော်လည်း ဈေးနှုန်းမှန်ကန်မှုမရှိသည်ကို ဆိုင်အများစုတွင် စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် ဈေးနှုန်းမှန်ကန်ရေးအတွက် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net