တာချီလိတ်မြို့ရဲ့ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ Covid-19 နောက်ဆုံးအခြေအနေ

တာချီလိတ်မြို့ရဲ့ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ Covid-19 နောက်ဆုံးအခြေအနေ
ဒီဇင်ဘာ 14, 2020
By Tachileik News Agency


တာချီလိတ်မြို့ရဲ့ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ Covid-19 နောက်ဆုံးအခြေအနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ မနေ့ကနဲ့ ဒီနေ့ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ  Covid-19 အတည်ပြုလူနာ ထပ်တိုးခြင်း မရှိသလို ဆေးရုံဆင်းလူနာတွေကတော့ ဒီနေ့မှာ (၁၀)ဦး ထပ်ဆင်းခွင့်ရသွားတဲ့အတွက် ဆေးရုံဆင်းခွင့်ရသွားသူ (၇၀)ဦးအထိ ရှိသွားတာကြောင့် လက်ရှိမှာတော့ ကုသဆောင်မှာ   (၂၇)ဦးပဲ ကျန်ပါတော့တယ်။

ဒီနေ့ မနက်ပိုင်းမှာ တာချီလိတ်ဆေးရုံဟောင်းအတွင်းက Fever Clinic မှာ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာက ထိတွေ့(၇)ဦး အပြင် မိမိသဘောဆန္ဒအလျောက် လာစစ်ကြသူများအပါအဝင် စုစုပေါင်း(၄၆)ဦး လာရောက် အစစ်ခံရာမှာ အားလုံးမှာ ပိုးမတွေ့သလို ညနေပိုင်းကလည်း ထိုင်းနိုင်ငံကို ပြန်ဖို့အတွက် Fever Clinic မှာ လာရောက်စစ်ဆေးမှု ခံယူတဲ့ ထိုင်းနိုင်ငံသား (၃၁)ဦးမှာလည်း Covid-19 ပိုးမတွေ့ရှိရပါဘူး။

ဒီနေ့ ဆေးရုံဆင်းသွားကြတဲ့ (၁၀)ဦးထဲမှာ အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဒေသတွင်းက လူများလည်းပါဝင်သလို အခြားဒေသက ရောက်လာပြီး ပိုးတွေ့လို့ ကုခံမှုခဲ့ရယူခဲ့ကြသူများလည်း ပါဝင်ပါတယ်။
တာချီလိတ်မြို့မှာ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ကနေ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၉၇)ဦးအထိ တွေ့ရှိခဲ့ပြီး (၇၀)ဦးကတော့ ဆေးရုံကနေ ဆင်းသွားကြပြီဖြစ်လို့ လက်ရှိမှာတော့ သတ်မှတ်ထားတဲ့ (၁၁)ရက်ပြည့်ရင် နေအိမ်ပြန်ဖို့အတွက် စောင့်ဆိုင်းနေကြသူတွေဟာ (၂၇)ဦးသာ ရှိပါတော့တယ်။

  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း

သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~