တာချီလိတ်သို့ Covid-19 ကာလအတွင်း မယ်ဆိုင်ချောင်းကနေ ခိုးကူးလာသူများနဲ့ လက်ခံထားသူများကို အရေးယူမည်

တာချီလိတ်သို့ Covid-19 ကာလအတွင်း မယ်ဆိုင်ချောင်းကနေ ခိုးကူးလာသူများနဲ့ လက်ခံထားသူများကို အရေးယူမည်
ဇွန် 19, 2020
By Tachileik News Agency

တာချီလိတ်သို့ Covid-19 ကာလအတွင်း မယ်ဆိုင်ချောင်းကနေ ခိုးကူးလာသူများနဲ့ လက်ခံထားသူများကို အရေးယူမည်

မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်းကို Covid-19 ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း ထိုင်းနိုင်ငံ မယ်ဆိုင်ချောင်းကနေ တဆင့်  ခိုးဝင်လာရင် ဖမ်းဆီးအရေးယူမှာဖြစ်သလို ဟိုတယ်နဲ့တည်းခိုရိပ်သာတွေကလည်း သက်ဆိုင်ရာကို အသိပေး သတင်း မပို့ဘဲ လက်ခံထားရင် အရေးယူသွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းကို ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသားအားလုံးကို  Quarantine ထားရှိပြီး COVID 19 စစ်ဆေးခြင်းများကို လုပ်ဆောင်နေပေမဲ့လည်း   နယ်စပ်ချောင်းတွေကနေ တရားမဝင် ခိုးဝင်လာသူများ နဲ့ လက်ခံထားသူများရှိနေတဲ့အတွက် ဖမ်းဆီးအရေးယူရန်  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့က COVID 19  ထိန်းချုပ်၊ ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့်ဗဟိုကော်မတီက ကြေညာထားတာဖြစ်ပါတယ်။

အမိန့်ကြေညာချက်တွေ ထုတ်ပြန်နေပေမဲ့လည်း မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာတော့ တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်ချောင်းကနေတဆင့် နေ့စဉ် တရားမဝင် ခိုးဝင်လာသူများ ရှိနေကြောင်း သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~