ကျောက်မဲမြို့တွင် ဒေသတွင်းကူးစက်သည့် Covid-19 အတည်ပြုလူနာ တွေ့ထား၍ ဒေသတွင်းနေ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် နှင့် ထိတွေ့မှုရှိသည့် ရုံးအချို့ကို ယာယီပိတ်ရန် ကြေညာသွားမည်

ကျောက်မဲမြို့တွင် ဒေသတွင်းကူးစက်သည့် Covid-19 အတည်ပြုလူနာ တွေ့ထား၍ ဒေသတွင်းနေ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် နှင့် ထိတွေ့မှုရှိသည့် ရုံးအချို့ကို ယာယီပိတ်ရန် ကြေညာသွားမည်
ဒီဇင်ဘာ 20, 2020
By Tachileik News Agency


ကျောက်မဲမြို့တွင် ဒေသတွင်းကူးစက်သည့် Covid-19 အတည်ပြုလူနာ တွေ့ထား၍ ဒေသတွင်းနေ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် နှင့် ထိတွေ့မှုရှိသည့် ရုံးအချို့ကို ယာယီပိတ်ရန် ကြေညာသွားမည်


ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် အခြားဒေသသို့ ခရီးသွားလာခြင်းမရှိသည့် ဈေးသည် အမျိုးသမီး (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ ဓာတ်ခွဲအဖြေရသည့်အတွက် ဒေသတွင်း ကူးစက်မှုဟု ယူဆကာ မြို့နေပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်းမပြုရန်နှင့် ကူးစက်မှု နှင့် ထိတွေ့ဖွယ် သံသယရှိသော ရုံးအချို့ကို ယာယီပိတ်ထားရန် ကြေညာချက်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြို့တွင်းကူးစက်မှုလို့ ယူဆတဲ့အတွက် မြို့ကတော့ အနရာယ်ရှိတဲ့ အနေအထားကို စတင်နေပြီလို့ ယူဆတဲ့အတွက်၊ အဲ့လူနာနဲ့ပတ်သက်ပြီး ထိစပ်မှုရှိတယ်လို့ သံသယရှိတဲ့ ပိတ်သင့်တဲ့ ရုံးတွေပိတ်ဖို့ရှိတယ်၊ ဘယ်ရုံးတွေပိတ်ရမလဲ ဆိုတာ အဲဒီရုံးတွေကို စာပို့ပေးမှာဖြစ်တယ်၊ ရက်အကန့်အသတ်ကတော့ ကျန်းမာရေးနဲ့တိုင်ပင်ပြီး လုပ်ရမှာ ဖြစ်တယ်၊ မြို့နေလူထု အနေနဲ့လည်း အရင်ထက်သတိထားပြီးနေဖို့၊ မလိုအပ်ပဲအပြင်မသွားကြဖို့ ပြောချင်ပါတယ်”ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၂၀)ရက် နံနက်ပိုင်းက ပြောသည်။ 
ပိုးတွေ့သူ အမျိုးသမီးသည် ကျောက်မဲမြို့ အမှတ်( ၁ )ရပ်ကွက်၊ ပင်လုံလမ်းမကြီးနံဘေးရှိ ပါဆယ်စနစ်ဖြင့် ရောင်းချသော ခေါက်ဆွဲဆိုင်ရှင်တစ်ဦးဖြစ်ပြီး၊ ဒီဇင်ဘာ (၁၈)ရက်နေ့က အနံ့ပျောက်ဝေဒနာဖြစ်ပေါ်သဖြင့် ကျန်းမာရေးဌာနမှ နှာခေါင်းအာခေါင်တို့ဖတ်ရယူကာ မူဆယ်မြို့သို့ ပို့ဆောင်စစ်ဆေးရာမှ ၎င်းထံတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။
 Covid-19 ပိုးတွေ့ရသည့် အသက် (၄၃)နှစ်အရွယ် အမျိုးသမီးသည် ကျောက်မဲမြို့၊ အမှတ် ( ၁ ) ရပ်ကွက်မှ ပါဆယ်စနစ်ဖြင့် ခေါက်ဆွဲရောင်းချသူ တစ်ဦးဖြစ်ပြီး ဒီဇင်ဘာလ (၁၈)ရက်နေ့၌ အနံ့ပျောက်လာသဖြင့် ကျန်းမာရေးဌာနက  မူဆယ်ဆေးရုံသို့ swab ပို့ စစ်ဆေးထားခဲ့ခြင်းဖြစ်သည်။
“အဓိက ကတော့ အချက် (၃)ချက်ပဲမှာချင်ပါတယ်၊ အိမ်မှာပဲနေပါ၊ မဖြစ်မနေ အပြင်ထွက်ရရင် Mask တပ်ပါ၊ လက်ခဏခဏ ဆေးပါ၊   အထူးသဖြင့် ငွေစကကိုင်တဲ့အခါ အထူးသတိထားပြီး လက်ဆေးဖို့   မှာချင်ပါတယ်၊ မြို့တွင်းစတွေ့သူနဲ့ပတ်သက်လို့ မနေ့ညကရယ် ဒီမနက်အခုချိန်အထိ Contact ဦးရေ (၃၀)ကျော်ကို လိုက်ထား ပြီးပါပြီ၊ သင့်တော်သလို FQ/ HQ ထားဖို့လဲ စီစဥ်ပေးနေပါတယ်” ဟုကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာနန်းရီလှိုင်ဦးက ပြောသည်။
၎င်းဆိုင်အနီးရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသည် မိမိအစီအစဥ်ဖြင့် ဒီဇင်ဘာလ (၂၀)ရက်နေ့က စတင်ကာ တစ်ပတ်အကြာပိတ်ထားမည်ဖြစ်ကြောင်း လူမှုကွန်ယက်၌ ကြေညာထားကြောင်း သိရသည်။
Covid-19 စတင် ကတည်းက စ၍ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၆)ဦးအထိရှိလာရာ (၁၃)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားကြပြီဖြစ်သည်။ 

 Tachileik News Agency

သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - တောင်ပေါ်သားလေး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~