၂၀၂၀ ရွေးကောက်ပွဲအတွင်း NLD က တစ်နိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၉၂၀)ဖြင့် အပြတ်အသတ်အနိုင်ရရှိ

၂၀၂၀ ရွေးကောက်ပွဲအတွင်း NLD က တစ်နိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၉၂၀)ဖြင့် အပြတ်အသတ်အနိုင်ရရှိ
နိုဝင်ဘာ 15, 2020
By Tachileik News Agency
၂၀၂၀ ရွေးကောက်ပွဲအတွင်း NLD က တစ်နိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၉၂၀)ဖြင့် အပြတ်အသတ်အနိုင်ရရှိ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD က စုစုပေါင်း ကိုယ်စားလှယ်ပေါင်း (၉၂၀)ဖြင့် အပြတ်အသတ်အနိုင်ရထားပြီး အတိုက်အခံပါတီဖြစ်သည့် USDP က ကိုယ်စားလှယ်ပေါင်း (၇၁)ဖြင့် ဒုတိယအများဆုံး အနိုင်ရထားသည်။
ရွေးကောက်ပွဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၌ အပြီးသတ်ကြေညာလိုက်ခြင်းဖြစ်သည်။
နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၁၅) နယ်အနက် NLD က (၂၅၈) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၆၁)နယ်တွင် NLD က (၁၃၈)နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၆၁၂)နေရာတွင် NLD က (၅၀၁) နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉)နေရာတွင် NLD က (၂၃)နေရာ အနိုင်ရထားခြင်းဖြစ်သည်။
ကျန်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၆)နေရာတွင် မွန်ညီညွတ်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလ (၂)ဦးတို့က အနိုင်ရထားသည်။
အတိုက်အခံပါတီကြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ပြည်သူ့လွှတ်တော်တွင် (၂၆)နေရာ၊ အမျိုးသားလွှတ်တော်တွင် (၇)နေရာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် (၃၈)နေရာကို အနိုင်ရထားခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က နေရာပေါင်း (၄၂)နေရာဖြင့် တတိယအများဆုံး အနိုင်ရထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ကို ကိုယ်စားလှယ် (၁)နေရာစီဖြင့် အနည်းဆုံးအနိုင်ရထားခြင်းဖြစ်သည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~