နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စတွင် တိုင်းရင်းသားပါတီများမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက တိုင်းရင်းသား ပါတီ(၃၉)ခုထံ စာပို့

နိုဝင်ဘာ 12, 2020
By Tachileik News Agency

နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စတွင် တိုင်းရင်းသားပါတီများမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက တိုင်းရင်းသား ပါတီ(၃၉)ခုထံ စာပို့

နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့် ပတ်သက်၍ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဖွဲ့ချုပ်မှ ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တိုင်းရင်းသားပါတီများအနေဖြင့် တက်တက်ကြွကြွ  ပူးပေါင်း ပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းကို  တိုင်းရင်းသားပါတီ (၃၉)ခုအား စာပေးပို့ထားကြောင်း ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့ ညနေပိုင်းတွင် NLD ပါတီက သတင်းထုတ်ပြန်ထားရှိသည်။ 

ပေးပို့ထားသည့် တိုင်းရင်းသားပါတီများတွင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ နှင့် ထားဝယ်တိုင်းရင်းသားများပါတီ တို့ ပါဝင်သည်။
ယင်းအပြင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ကရင်အမျိုးသား ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ် ပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊နာဂအမျိုးသားပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ နှင့် ကချင်အမျိုးသားပါတီ  စုစုပေါင်း ပါတီ (၃၉)ပါတီ ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~