ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ (၉)ရက်နေ့ ညကစပြီး မဲရလဒ်များ စတင်ထုတ်ပြန်ပေးနေ

ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ (၉)ရက်နေ့ ညကစပြီး မဲရလဒ်များ စတင်ထုတ်ပြန်ပေးနေ
နိုဝင်ဘာ 10, 2020
By Tachileik News Agency

ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ (၉)ရက်နေ့ ညကစပြီး မဲရလဒ်များ စတင်ထုတ်ပြန်ပေးနေ

ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြည်နယ်တွင်းမှ စိစစ်ပြီးစီးသည့် မဲရလဒ်များကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ညကစ၍ ထုတ်ပြန်နေရာ မယ်စဲ့မြို့နယ်မှ မဲရလဒ်များကို စတင်ထုတ်ပြန်လာသည်။
" တစ်ခြားမြို့နယ်တွေကို စိစစ်နေပါတယ်။ ရရင်ကပ်ပေးပါမယ်။ ဒီနေ့မြန်မာ့ရုပ်မြင်သံကြားကလည်း ထုတ်လွှင့်လိမ့်မယ်။ ရုံးချုပ်ကော်မရှင်ကလည်း စိစစ်နေတယ်။ ဒီနေ့ နှစ်မြို့နယ်လောက် ကပ်ဖို့ရှိပါတယ်။ အခုလုပ်နေပါတယ်။ စိစစ်နေတယ်။ စိစစ်ပြီးရင် ရရင်ရသလောက် ထုတ်ပြန်ပေးမယ် ကပ်ပေးမယ်။ "ဟု ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
ရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာလ (၉)ရက်နှင့် (၁၀)ရက်နေ့များတွင် ထုတ်ပြန်ထားပြီး ရလဒ်များအရ မယ်စဲ့မြို့နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် NLD ပါတီမှ ဦးအောင်နိုင်ဦးက (၉၈၇) မဲဖြင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) တွင် NLD ပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက (၁၄၁၉) မဲဖြင့် လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)တွင် NLD ပါတီမှ ဦးစိုင်းပန်ဖက (၂၃၃၁) မဲဖြင့်လည်းကောင်း အနိုင်ရရှိထားခြင်းဖြစ်သည်။
မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးသန်းလင်းလင်းက (၂၂၁၁) မဲဖြင့်လည်းကောင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈)တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးတူရယ်က ဆန္ဒမဲ (၄၀၅၅)မဲဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉)တွင်  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ စောအားလ်ဒိုက ဆန္ဒမဲ (၂၄၂၅)မဲဖြင့်လည်းကောင်း အနိုင်ရရှိထားခြင်းဖြစ်သည်။
ကယားပြည်နယ်အတွင်း မြို့နယ် (၇)မြို့နယ်ရှိ မဲဆန္ဒနယ်များ၏ မဲရလဒ်များအား ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~