ကျောက်မဲမြို့ရှိ ရပ်ကွက်(၁)အတွင်း အမျိုးသား(၄)ဦးနှင့်အတူ မူးယစ်ဆေး ဖမ်းမိ

ကျောက်မဲမြို့ရှိ ရပ်ကွက်(၁)အတွင်း အမျိုးသား(၄)ဦးနှင့်အတူ မူးယစ်ဆေး ဖမ်းမိ
နိုဝင်ဘာ 23, 2020
By Tachileik News Agency

ကျောက်မဲမြို့ရှိ ရပ်ကွက်(၁)အတွင်း အမျိုးသား(၄)ဦးနှင့်အတူ မူးယစ်ဆေး ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်ရှိ လူနေအိမ်တစ်ခုအား မူးယစ်ဆေးဝါးသတင်းအရ ကျောက်မဲမြို့မရဲတပ်ဖွဲ့က နိုဝင်ဘာလ (၂၃)ရက်၊ မွန်းလွဲပိုင်းက ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူအချို့ နှင့် အမျိုးသား (၄)ဦးတို့အားတွေ့ရှိ ဖမ်းဆီးရမိကြောင်း သိရသည်။
နိုဝင်ဘာလ (၂၃)ရက်၊ မွန်းလွဲ (၁၂)နာရီခွဲဝန်းကျင်အချိန်က  ကျောက်မဲမြို့ပေါ် ရပ်ကွက်(၁) နယ်မြေ(၇) စိန်ပန်းလမ်းနှင့် ခတ္တာလမ်းထောင့်ရှိ လူနေအိမ်တစ်ခုအား ကျောက်မဲမြို့မရဲတပ်ဖွဲ့ နှင့် အသိသက်သေများပါဝင်သည့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
အဆိုပါ နေအိမ်အတွင်း အိမ်ရှင်ဖြစ်သူ ကျော်အေးနှင့်အတူ အမျိုးသား (၃)ဦးအား တွေ့ရှိရပြီး၊ ၎င်းတို့နှင့်အတူ ဘိန်းဖြူ စုစုပေါင်း အလေးချိန် (၅.၇)ဂရမ်ဝန်းကျင် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်း အချို့ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ  ကျော်အေးနှင့် လျှန်းဆာ၊ အောင်မြင့်၊ သီဟ(ခ)ကျော်သီဟဝင်း တို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၅၄/ ၂၀၂၀၊မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~