Covid-19 စစ်ဆေးရေးဂိတ်အနီးတွင် အရက်သောက်ပြီး ဆူပူနေသည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၇)ရက်ချမှတ်

Covid-19 စစ်ဆေးရေးဂိတ်အနီးတွင် အရက်သောက်ပြီး ဆူပူနေသည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၇)ရက်ချမှတ်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
Covid-19 စစ်ဆေးရေးဂိတ်အနီးတွင် အရက်သောက်ပြီး ဆူပူနေသည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၇)ရက်ချမှတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ ပင်လုံလမ်းရှိ Covid-19 စစ်ဆေးရေးဂိတ်အနီးတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့ ညနေပိုင်းက အရက်သေစာ သောက်စားမူးယစ် ဆူပူနေသူ အမျိုးသားတစ်ဦးအား ရဲအက်ဥပဒေပုဒ်မ - ၄၇ ဖြင့် ထောင်ဒဏ် (၇)ရက်ချလိုက်ကြောင်း သိရသည်။
ကျောက်မဲမြို့ ပင်လုံလမ်းမကြီး၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေ (၁၃) ရှိ မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်အနီးတွင် ဒီဇင်ဘာလ (၉) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်က အရက်မူးပြီး လာရောက်ဆူပူနေသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီးနောက် ရဲအက်ဥပဒေ  ပုဒ်မ-၄၇ ဖြင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အများပြည်သူ စိတ်ငြိုငြင်စေရန်ပြုမူခဲ့သည့် အသက် (၄၇)နှစ်အရွယ် ဒူမန်ဆင်( ခ) နေမျိုးထွန်းအောင်အား  ထောင်ဒဏ်ချမှတ်၍ သီပေါအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~