ကျိုင်းတုံမြို့တွင် တာချီလိတ်မှ Covid-19 အတည်ပြုလူနာနှင့်ထိတွေ့သူ (၃၇)ဦးကို အသွားအလာ ကန့်သတ်ထား

ကျိုင်းတုံမြို့တွင် တာချီလိတ်မှ Covid-19 အတည်ပြုလူနာနှင့်ထိတွေ့သူ (၃၇)ဦးကို အသွားအလာ ကန့်သတ်ထား
နိုဝင်ဘာ 26, 2020
By Tachileik News Agency

ကျိုင်းတုံမြို့တွင် တာချီလိတ်မှ Covid-19 အတည်ပြုလူနာနှင့်ထိတွေ့သူ (၃၇)ဦးကို အသွားအလာ ကန့်သတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာအမျိုးသမီး ကျိုင်းတုံမြို့သို့ သွားရောက်လည်ပတ်ခဲ့စဉ် ထိတွေ့မှုရှိနိုင်သူ (၃၇) ဦးကို ကျိုင်းတုံမြို့မှ တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့၌ အသွားအလာ ကန့်သတ်ထားပြီဖြစ်ကြောင်း သိရသည်။
“contact (ထိတွေ့သူ)က ကျိုင်းတုံကတော့ စုစုပေါင်း (၃၇)ယောက် contact ထွက်သွားတယ်။ တာချီလိတ်ကတော့ သတင်းမလာသေးဘူး။ သူကျိုင်းတုံလာတုန်းက တည်းခိုသွားတဲ့အိမ်မှာက လူကြီး (၄)ယောက်နဲ့ ကလေး (၂)ယောက်ရှိတော့ (၆)ယောက်ရယ် နောက်သူသွားလည်တဲ့ ဗုဒ္ဓဥယျာဉ် အနီးရှိ တည်းခိုခန်းက ဝန်ထမ်းတွေရော ဘာတွေရော အားလုံးက (၃၁)ယောက်ရှိတယ်ဆိုတော့ စုစုပေါင်း (၃၇) ဖြစ်သွားတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့က အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသည့် အမျိုးသမီးသည် ကျိုင်းတုံမြို့သို့ နိုဝင်ဘာလ (၂၀)ရက်နေ့က အလည်အပတ်သွားရောက်ခဲ့သဖြင့် တစ်ညတာတည်းခိုခဲ့သည့်နေအိမ်နှင့် သွားရောက်လည်ပတ်ခဲ့သည့် ဗုဒ္ဓဥယျာဉ်တို့မှ ထိတွေ့မှုရှိသူများကို အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်။
တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နိုဝင်ဘာလ (၂၅)ရက်နေ့ ညပိုင်းအထိ (၇)ဦးတွေ့ရှိထား၍ အသွားအလာကန့်သတ်ထားပြီးဖြစ်သည်။
အတည်ပြုလူနာကို တာချီလိတ်ပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~