တာချီလိတ်မြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက် မပါ ပါက test kit ဖြင့် စစ်ဆေးမည်

တာချီလိတ်မြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက် မပါ ပါက test kit ဖြင့် စစ်ဆေးမည်
အောက်တိုဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက် မပါ ပါက test kit ဖြင့် စစ်ဆေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် (၁၄) ရက်အတွင်း ရယူထားသည့် COVID 19 ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံချက် မပါဝင်ပါက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှစ၍ မြို့အဝင်တွင် test kit ဖြင့် စစ်ဆေးပေးတော့မည်ဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိတော့ ကားသမားတွေကို test kit တွေနဲ့ စပြီးစစ်ဆေးပေးတော့မယ်။ ကျပ် (၂)သောင်းစီတော့ ကောက်ရမယ်လို့ ညွှန်ကြားချက်ပါတယ်။ တစ်ခြားမြို့ကနေလာတယ်ဆိုရင် သူတို့မှာ (၁၄) ရက်အတွင်း  COVID စစ်ထားတဲ့ ထောက်ခံချက်ပါမလာဘူးဆိုရင် မြို့အဝင်မှာ မနက်ဖြန်ကစပြီး စစ်ပေးမယ်။ အထွက်ကားတွေကိုတော့ မစစ်ပါဘူး။ အဝင်ကိုပဲ စစ်မှာပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့အဝင် မယ်ယန်းဂိတ်၌ မြို့တွင်းဝင်လာသူများအား မည်သည့်ဒေသမှလာရောက်ကြောင်း စစ်ဆေးသည့်အဖွဲ့ဖြင့် စစ်ဆေးပြီး ရှမ်းပြည်နယ်မှလွဲ၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာသူများ၊ ကျန်းမာရေးထောက်ခံချက်မပါလာသည့် ကုန်တင်ယာဉ်များအား တွေ့ရှိပါက ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားပေးခြင်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။
မြို့အဝင်ရှိစစ်ဆေးရေးအဖွဲ့မှ ဆက်သွယ်အကြောင်းကြားပေးလာပါက ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမေးမြန်းပြီး quarantine ထားရန်လိုအပ်သူများကို facility quarantine ထားရှိခြင်းဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း COVID 19 ကူးစက်ခံရမှုထိန်းချုပ်ရေးအတွက် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝင်ရောက်လာသူအားလုံးကို အသွားအလာကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် test kit များဖြင့် စစ်ဆေးပေးခြင်းကို လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~