တာချီလိတ်မြို့ မယ်ယန်းတွင် ကားကြီးအချင်းချင်း မတော်တဆ ချိတ်မိ

တာချီလိတ်မြို့ မယ်ယန်းတွင် ကားကြီးအချင်းချင်း မတော်တဆ ချိတ်မိ

တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ယန်းရွာလမ်းပေါ်တွင် ကားကြီးအချင်းချင်း မတော်တဆ ချိတ်မိရာမှ ယာဉ်မောင်းညှပ်နေ၍ မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့က ညှပ်များဖြင့် ကယ်ထုတ်ရကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၄)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က ယင်းသို့ ဖြစ်ပွားမှုကြောင့် ယာဉ်အတွင်းညှပ်နေသူအား မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်အတွင်းညှပ်နေသူ၏ အခြေအနေမှာ ခြေထိဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာရရှိသည်ဟု ကနဦး သိရသည်။

 

#TachileikNewsAgency

Photo: တာချီလိတ်နာရေးကူညီမှုအသင်း, MMA