တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း လူငယ်တစ်ဦးကို အမျိုးသား(၂)ဦးက ဓါးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူသွား

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း လူငယ်တစ်ဦးကို အမျိုးသား(၂)ဦးက ဓါးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူသွား

 တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၁)တွင် လူငယ်တစ်ဦးကို အမျိုးသား(၂)ဦးက ဓါးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)အတွင်း ပါလျှံတရုတ်ဘုံကျောင်းရှေ့၊ ပေါ်တော်မူဘုန်းကြီးကျောင်းလမ်း ကွင်းအနီးထဲတွင် ၂၀၂၃ခုနှစ် ဇွန်လ(၂၄)ရက်နေ့ ည(၈)နာရီ (၄၀)မိနစ်ဝန်းကျင်အချိန်က ဆိုင်ကယ်မောင်းလာသည့် လူငယ်တစ်ဦးကို အမည်မသိ အမျိုးသား(၂)ဦးက ဓါးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးပြီး ပြန်လာသည့် လူငယ်တစ်ဦးအား အမျိုးသားနှစ်ဦးက အဆိုပါ လမ်းတွင် တားပြီးနောက် ဆိုင်ကယ်ပေးရန် ပြောကြောင်းနှင့် ဆိုင်ကယ်ကို အလွယ်တကူမပေးဘဲ အချိန်ဆွဲသလို ဖြစ်နေ၍ ဓါးဖြင့် ခုတ်သလို ချိန်ရွယ်သည့်အတွက် ဆိုင်ကယ်ကို ပေးလိုက်ရကြောင်း သိရသည်။

ဆိုင်ကယ် လုယူသည့် အမျိုးသားနှစ်ဦးသည် မြန်မာစကားကို ပီပီသသ ပြောသူများ မဟုတ်ဘဲ တိုင်းရင်းသား အသံဝဲနေကြောင်း သိထားရသလို အသားအရည်မှာ ညိုသည်ဟုလည်း သိရသည်။

လုယူခံလိုက်ရသည့် ဆိုင်ကယ် အမျိုးအစားမှာ Honda Wave i125 အမျိုးအစား ခဲရောင် ဆိုင်ကယ်ဖြစ်သည့်အတွက် ဆိုင်ကယ်အား လာရောက် ရောင်းချသည်ဖြစ်စေ၊လမ်းတွင် တွေ့ရသည်ဖြစ်စေ ဖုန်း 09456500236 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားရှိသည်။

ဆိုင်ကယ်လုယက်ခံရမှုနှင့် ပတ်သက်၍လည်း ဟောင်လိတ်နယ်မြေရဲကင်းစခန်းသို့ အသိပေးထားရှိကြောင်းလည်း သိရသည်။