ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၏ တင်သွင်းလွှာကို အောက်တိုဘာလ (၂၇)ရက်နေ့၌ အပြီးသတ် ဆုံးဖြတ်ချက်ချမည်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၏ တင်သွင်းလွှာကို အောက်တိုဘာလ (၂၇)ရက်နေ့၌ အပြီးသတ် ဆုံးဖြတ်ချက်ချမည်
အောက်တိုဘာ 20, 2020
By Tachileik News Agency
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၏ တင်သွင်းလွှာကို အောက်တိုဘာလ (၂၇)ရက်နေ့၌ အပြီးသတ် ဆုံးဖြတ်ချက်ချမည်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်ရန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တင်သွင်းထားသည့် တင်သွင်းလွှာနှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က e - court ဖြင့် ကြားနာမှုပြုလုပ်ခဲ့ရာတွင် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကိုယ်စား ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကလည်းကောင်း၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးကလည်းကောင်း တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်သည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်မှုအား စက်တင်ဘာလ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ စွပ်စွဲမှု အောင်မြင်ခဲ့သဖြင့် နိုင်ငံတော်သမ္မတက စက်တင်ဘာလ (၃) ရက်နေ့တွင် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တင်သွင်းလွှာ တင်သွင်းထားခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~