တောင်ကြီးတွင် COVID 19 အတည်ပြုလူနာ (၁)ဦးထပ်တိုး၍ စဝ်စံထွန်းဆေးရုံ၌ ကုသမှုခံယူနေသူ (၂၁)ဦးအထိ တိုးလာ

တောင်ကြီးတွင် COVID 19 အတည်ပြုလူနာ (၁)ဦးထပ်တိုး၍ စဝ်စံထွန်းဆေးရုံ၌ ကုသမှုခံယူနေသူ (၂၁)ဦးအထိ တိုးလာ
အောက်တိုဘာ 8, 2020
By Tachileik News Agency
တောင်ကြီးတွင် COVID 19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး၍ စဝ်စံထွန်းဆေးရုံ၌ ကုသမှုခံယူနေသူ (၂၁)ဦးအထိ တိုးလာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရန်ကုန်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့တွင် ဓာတ်ခွဲအဖြေရသဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၂၁)ဦးရှိလာပြီဖြစ်သည်။
ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာ (၁)ဦးမှာ အောက်တိုဘာလ (၇) ရက်နေ့က အတည်ပြုလူနာဖြစ်သွားသူ (၂)ဦးနှင့် ရန်ကုန်မှ အတူပြန်လာ၍ quarantine ဝင်နေသည့် (၁၁) ဦးအဖွဲ့မှဖြစ်ကြောင်း သိရသည်။
"ဒီနေ့အတည်ပြုလူနာဖြစ်သွားတဲ့ တစ်ယောက်က မနေ့က အတည်ပြုလူနာ(၂)ယောက်နဲ့ ရန်ကုန်ကနေ အတူပြန်လာတဲ့ (၁၁)ယောက်အဖွဲ့ထဲကပဲ။ သူတို့အဖွဲ့က (၃)ယောက်က positive ဖြစ်သွားတာပေါ့။ ကျန် (၈)ယောက်ကတော့ negative ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကိုတော့ နောက်တစ်ကြိမ် ထပ်စစ်မှာပေါ့။"ဟု ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယနေ့ ထပ်တိုးလာသည့် အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူများဖြစ်သည့် quarantine ဝင်နေသူ (၈)ဦးနှင့် အောက်တိုဘာလ (၇)ရက်နေ့က အတည်ပြုလူနာ (၁၂)ဦးနှင့် အနီးကပ်ထိတွေ့သူများကို အောက်တိုဘာလ (၁၃)ရက်နေ့၌ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မနေ့ကထိတွေ့မှာ ရပ်စောက်ကအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့အဖြစ် သူတို့မိသားစုတွေ home quarantine လုပ်ထားတာက (၂၀)လောက်ရှိတယ်။ တောင်ကြီးမှာ ဆိုင်ကယ်နဲ့ပစ္စည်းလိုက်ပို့တဲ့ အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့က ဆိုင်တွေက (၄)ယောက်ရှိတော့ သူတို့ကိုလည်း quarantine ထားတယ်။ တောင်ကြီးက quarantine ထဲက အတည်ပြုလူနာ (၂)ယောက်ကတော့ (၈)ယောက်အဖွဲ့ဆိုတော့ သူတို့က quarantine မှာပဲရှိနေတယ်။ မနေ့က အောင်ပန်းနဲ့ကလောက အတည်ပြုလူနာတွေကတော့ contact ထပ်မရှိဘူး။ "ဟု ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် အောက်တိုဘာလ (၈)ရက်နေ့က စစ်ဆေးသည့် ဓာတ်ခွဲနမူနာ (၃၁၀) ၌ အတည်ပြုလူနာ (၁)ဦး တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~