ကုန်တင်ယာဉ်များ ကန့်ထားထားသည့်ကာလအတွင်း ကျောက်မဲမြို့မှ ဒေသထွက်ကုန်များကို မီးရထားဖြင့် ပို့ဆောင်

ကုန်တင်ယာဉ်များ ကန့်ထားထားသည့်ကာလအတွင်း ကျောက်မဲမြို့မှ ဒေသထွက်ကုန်များကို မီးရထားဖြင့် ပို့ဆောင်
အောက်တိုဘာ 3, 2020
By Tachileik News Agency
ကုန်တင်ယာဉ်များ ကန့်ထားထားသည့်ကာလအတွင်း ကျောက်မဲမြို့မှ ဒေသထွက်ကုန်များကို မီးရထားဖြင့် ပို့ဆောင်
ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်ဖြတ်သန်းမှုတွေကို (၁၄) ရက်တာ ယာယီကန့်သတ်လိုက်တဲ့အတွက် ကျောက်မဲမြို့နယ်တွင်းက ဒေသထွက်ကုန်တွေကို ရထားနဲ့ပို့ဆောင်မှုတွေ လုပ်ဆောင်နေပါတယ်။
ရှမ်းပြည်နယ်တွင်း ကုန်တင်ယာဉ်တွေကို ကန့်သတ်ထားတဲ့ကာလအတွင်း ကျောက်မဲမြို့နယ်က ဒေသထွက်ကုန်တွေကို အခြားတိုင်းနဲ့ပြည်နယ်များအထိ  ပို့ဆောင်မယ်ဆိုရင် ကျန်းမာရေးထောက်ခံချက်နဲ့ ဝင်လာတဲ့ ကုန်တင်ယာဉ်များနဲ့သာ တင်ပို့ဖို့  သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ထားတာဖြစ်ပါတယ်။
ဒေသထွက်သီးနှံတွေ ဈေးကွက်အချိန်မီတင်ပို့ဖို့အတွက် အခြားဒေသကနေ  ဝင်လာမယ့် ကုန်တင်ယာဉ်တွေကို စောင့်ဆိုင်းနေလို့ မရတာကြောင့် ရထားနဲ့ပြောင်းလဲပို့ဆောင်လာကြတယ်လို့ ဒေသတွင်း ကုန်သည်တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ အောက်တိုဘာလ (၁)ရက်နေ့ကနေ (၁၄)ရက်နေ့အတွင်း ပြည်နယ်တွင်းက ကုန်တင်ယာဉ်တွေ ပြည်နယ်အပြင်ကို မသွားဖို့နဲ့ အခြားဒေသက လာမဲ့ ကုန်တင်ယာဉ်တွေကိုလည်း ယာဉ်မောင်း ယာဉ်နောက်လိုက်တွေ ကိုဗစ်စစ်ဆေးပြီးမှ ဝင်ခွင့်ပြုဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~