ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ရှိ Quarantine Center မှထွက်ပြေးသူ အမျိုးသားတစ်ဦးအား ပြန်လည်ထိန်းသိမ်းကာ အမှုဖွင့်ထား

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ရှိ Quarantine Center မှထွက်ပြေးသူ အမျိုးသားတစ်ဦးအား ပြန်လည်ထိန်းသိမ်းကာ အမှုဖွင့်ထား
စက်တင်ဘာ 22, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ရှိ Quarantine Center မှထွက်ပြေးသူ အမျိုးသားတစ်ဦးအား ပြန်လည်ထိန်းသိမ်းကာ အမှုဖွင့်ထား
ကယားပြည်နယ်၊ လွိုင်ကော်မြို့တက္ကသိုလ် Quarantine Center မှထွက်ပြေးသွားသော အမျိုးသားတစ်ဦးကို ပြန်လည်ထိန်းသိမ်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
လွိုင်ကော်မြို့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာသူ အမျိုးသားတစ်ဦးအား  လွိုင်ကော်တက္ကသိုလ်ရှိ Community Based Facility Quarantine Center တွင်ထားရှိစဉ် ထွက်ပြေးရန်ကြိုးစားသဖြင့် လုံခြုံရေးအစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများက တားမြစ်ခဲ့ရာတွင် ရဲဝန်ထမ်းအား ခိုက်ရန်ပြုကာ ထွက်ပြေးသွားခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ထွက်ပြေးသွားသူ အမျိုးသားတစ်ဦးမှာ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောခူ ကျေးရွာတွင်နေထိုင်သူ တစ်ဦးဖြစ်ပြီး လွိုင်ကော်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည် ရှာဖွေကာ ခေါ်ယူထိန်းသိမ်း ၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ Quarantine Center သို့ပြန်လည်ပို့ဆောင်ထားခဲ့ကြောင်းသိရသည်။
 Quarantine Center မှ ထွက်ပြေး ၍ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်အား လက်ရောက် ကျူးလွန် ခဲ့သည့် အဆိုပါအမျိုးသားအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဥပဒေပုဒ်မ ၂၆/၂၉ ဖြင့် လွိုင်ကော်မြို့မရဲစခန်းမှ တရားလိုပြုလုပ်ကာ စက်တင်ဘာလ (၂၂) ရက်နေ့ ညနေတွင် အမှုဖွင့်အရေးယူထားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
ကယားပြည်နယ်တွင်းရှိ မြို့နယ်(၅)ခုတွင် စက်တင်ဘာလ (၂၂) ရက်နေ့အထိ Community Based Facility Quarantine ဝင်ရောက်နေသူ (၃၂၆)ဦးရှိပြီး ဆေးရုံများနှင့် Quarantine Center များတွင်ဝင်ရောက်နေသူ (၆၉) ဦး၏ ဓါတ်ခွဲအဖြေများကိုစောင့်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~