မန္တလေးမှ တမူးသို့ မူးယစ်ဆေးသယ်လာသူကို တမူး PDF ဖမ်းဆီးထိန်းသိမ်း

မန္တလေးမှ တမူးသို့ မူးယစ်ဆေးသယ်လာသူကို တမူး PDF ဖမ်းဆီးထိန်းသိမ်း
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ဘက်သို့ မန္တလေးဘက်မှ စိတ်ကြွရူးသွပ်ဆေးပြား ပီနံအိတ် (၅)လုံးဖြင့် သယ်လာသူတစ်ဦးကို တမူး PDF က ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ကလေး- တမူး အာရှလမ်းမကြီးတွင် တရားမဝင်ပစ္စည်းများ ကူးသန်းပို့ဆောင်နေသူများ၊ မှောင်ခိုများနှင့် စစ်‌အုပ်စုထုတ်ကုန်များအား သယ်ဆောင်မှုများကို  ဖမ်းဆီးအရေးယူမည်ဟု ကြေညာထားသည့်အတိုင်း တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က စစ်ဆေးမှုများ ပြုလုပ်ရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

တမူးမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရာ ပီနံအိတ်ဖြူ (၅)အိတ်ဖြင့်ထည့်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း တမူး PDF တပ်ရင်း ၃ က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးသယ်လာသူအား ဖမ်းဆီးထိန်းသိမ်းအရေးယူမည်ဖြစ်ပြီး ကလေး - တမူးလမ်းပိုင်းတွင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။