Covid-19 ကာကွယ်ဆေး ပေါ်ပေါက်လာပါက လူနာများနှင့် ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများကို အရင်ဆုံး ဦးစားပေးထိုးနှံပေးမည်

Covid-19 ကာကွယ်ဆေး ပေါ်ပေါက်လာပါက လူနာများနှင့် ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများကို အရင်ဆုံး ဦးစားပေးထိုးနှံပေးမည်
နိုဝင်ဘာ 12, 2020
By Tachileik News Agency
Covid-19 ကာကွယ်ဆေး ပေါ်ပေါက်လာပါက လူနာများနှင့် ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများကို အရင်ဆုံး ဦးစားပေးထိုးနှံပေးမည်

Covid-19 ကာကွယ်ဆေး ပေါ်ပေါက်လာပါက လူနာများနှင့် ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများကို အရင်ဆုံး ဦးစားပေးထိုးနှံပေးရန် စာရင်းများ ကောက်ယူထားပြီး ဆေးပေါ်လာပါက စီမံချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကာကွယ်ဆေးက ရောက်မလာသေးသလို ပေါ်လည်း မပေါ်သေးပါဘူး။ ရောက်လာခဲ့ရင် ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေးထိုးနှံပေးနိုင်ဖို့ စီစဉ်နေတာပါ။ စီမံချက်လည်းရှိပါတယ်” ဟု မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာ(၁၂)ရက်နေ့တွင် ပြောကြားသည်။
သက်ဆိုင်ရာတိုင်း/ပြည်နယ်များရှိ ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများက တိုင်း/ပြည်နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းအင်အား စာရင်းကို နိုဝင်ဘာ(၁၂)ရက်နေ့ နောက်ဆုံးထားကောက်ယူ ရန် ဆင့်ကဲ ညွှန်ကြားချက်များ ထုတ်ပြန်လျှက်ရှိနေခြင်းမှာ ကိုဗစ်ကာကွယ်ဆေး ပေါ်ပေါက်လာပါက ဦးစား ပေးထိုးနှံပေးရန် စီမံချက်အရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လူမှုရေးဝန်ကြီးထံက သိရသည်။
ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အားစာရင်းကောက်ယူရန် နေပြည်တော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများက  ကျန်းမာရေးဝန်ထမ်းအင်အားစာရင်းကို ကောက်ယူနေခြင်းဖြစ်သည်။
 
 “လူနာတွေကို ထိတွေ့ပြီးကု နေရတဲ့ကျန်းမာရေးဝန်ထမ်းတွေဖြစ်လို့ ဒီရောဂါပိုးနဲ့က ရှောင်လွှဲလို့မရတဲ့ အန္တရာယ်က ရှိနေပါတယ်။ ကာကွယ်ဆေးထိုးပြီးသွားရင်တော့ ကျွန်မတို့ရဲ့ ဗိုင်းရပ်စ်ခုခံတဲ့ ကိုယ်ခံအားက မြင့်လာပြီး စိတ်ပိုင်း ဆိုင်ရာအရလည်း လူနာတွေအပေါ် ပိုပြီး ထိထိရောက်ရောက် ပြုစု ကုသမှုတွေ ပေးလာနိုင်မယ်လို့ ယုံကြည်ရပါတယ်”ဟု မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး ပြောသည်။
မကွေးတိုင်းတွင် ကျန်းမာရေး ဝန်ထမ်းအင်အား(၅၀၀)ကျော်ရှိကြောင်း သိရပြီး တိုင်းအတွင်း (၂၂)မြို့ နယ်၌ နိုဝင်ဘာ(၁၂)ရက်နေ့အထိ COVID-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၈၆၄)ဦးရှိပြီး ကူး စက်မှုအမြင့်ဆုံးဖြစ်နေသည့် အောင်လံမြို့ပေါ်(၉)ရပ်ကွက်အား နိုဝင်ဘာ(၁၂)ရက်နေ့မှ (၂၇)ရက်နေ့ အထိ Stay at Home  သတ်မှတ်လိုက်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~