တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းအရ မှတ်ပုံတင်မရှိသေးသူ (၃၀၀၀) ကျော်ကို မှတ်ပုံတင် စိစစ်ထုတ်ပေးမည်

တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းအရ မှတ်ပုံတင်မရှိသေးသူ (၃၀၀၀) ကျော်ကို မှတ်ပုံတင် စိစစ်ထုတ်ပေးမည်
သြဂုတ် 18, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းအရ မှတ်ပုံတင်မရှိသေးသူ (၃၀၀၀) ကျော်ကို မှတ်ပုံတင် စိစစ်ထုတ်ပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ မှတ်ပုံတင် မရှိသေးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကွင်းဆင်း၍ မှတ်ပုံတင် စိစစ်ထုတ်ပေးနေရာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့အထိ စိစစ်နေဆဲ (၂,၅၈၁)ဦးရှိကြောင်း သိရသည်။
“အခုမဲစာရင်းက ရှိကောက်စာရင်း (ရပ်ကွက်၊ ကျေးရွာတွင် လက်ရှိနေထိုင်သူစာရင်း)ကို အခြေခံထားတာ။ ဒီထဲကမှ မှတ်ပုံတင်မရှိသူကို စိစစ်ထုတ်ပေးရတာ။ ကျွန်တော်တို့က  မှတ်ပုံတင်ထုတ်ပေးတာက အိမ်ထောင်စုစာရင်းကို အခြေခံပြီး ထုတ်ပေးရတာ။ ကျွန်တော်တို့က အခု မဲစာရင်းမှာ ကွက်လပ်တွေကို (မှတ်ပုံတင်နံပါတ်ဖြည့်ထားခြင်းမရှိသူများ) စစ်ပြီး ကျွန်တော်တို့ မှတ်ပုံတင်ထုတ်ပေးလို့မရတဲ့စာရင်းကိုလည်း ကော်မရှင်ကို တင်ပြပါတယ်။  နောက်တစ်ချို့ကတော့  မှတ်ပုံတင်ရှိပါတယ်။ မဖြည့်ထားတာပါ။ ဒါတွေကို ကျွန်တော်တို့ ဖြည့်ပေးတယ် ။ မှတ်ပုံတင်မရှိသေးသူတွေကိုတော့ စိစစ်ပြီး ကွင်းဆင်းလုပ်ပေးနေပါတယ်”ဟု တာချီလိတ်မြို့နယ်  လူဝင်မှုကြီးကြီးရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံတစ်က တာချီလိတ်သတင်းအေဂျင်စီကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့တွင် ပြောသည်။
 
တာချီလိတ်မြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ မှတ်ပုံတင်ဖြည့်မထားသူ (၆,၈၆၅) ဦးကို စစ်ဆေးတွေ့သည့်အနက် မှတ်ပုံတင်ရှိထားပြီးသူ (၃,၄၂၈)ဦးပါဝင်ပြီး မှတ်ပုံတင်မရှိသေးသူ (၃,၄၃၇)ဦး ပါဝင်ကြောင်း သိရသည်။
မှတ်ပုံတင်မရှိသေးသူများအား ရပ်ကွက်၊ ကျေးရွာများအလိုက်  ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်သူများ လူဝင်မှုကြီးကြီးရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာနရုံးတွင်လည်း လာရောက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ ကွင်းဆင်းအဖွဲ့တွေ နေ့တိုင်းကွင်းဆင်းပြီး ဆောင်ရွက်ပေးနေသလို ရုံးမှာလည်း နောက်ချန်အဖွဲ့ရှိပါတယ်။ မှတ်ပုံတင်မရှိသေးတဲ့ မှတ်ပုံတင် ရသင့်တဲ့အရည်အချင်း ပြည့်မီသူတိုင်း မှတ်ပုံတင်ရအောင် ကျွန်တော်တို့ လုပ်ပေးနေပါတယ်”ဟု တာချီလိတ်မြို့နယ်  လူဝင်မှုကြီးကြီးရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံတစ်က ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သော်လည်း မှတ်ပုံတင်မရှိသူ (၃၄၃၇)ဦးကို မှတ်ပုံတင်ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်ပေးနေရာ သြဂုတ်လ (၁၇)ရက်နေ့အထိ (၈၅၆)ဦးကို မှတ်ပုံတင်ထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~