ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ(၇)ခုတွင် ကိုယ်စားလှယ်လောင်း (၄၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ(၇)ခုတွင် ကိုယ်စားလှယ်လောင်း (၄၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
သြဂုတ် 31, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ(၇)ခုတွင် ကိုယ်စားလှယ်လောင်း (၄၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးရေးရာ နေရာ(၇)နေရာအတွက် ကိုယ်စားလှယ်လောင်း (၄၃)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂၀၂၀ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့က ထုတ်ပြန်ကြေညာထားရှိသည်။

တိုင်းရင်းသားလူမျိုးရေးရာ နေရာများဖြစ်သည့်  ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၈)ဦး၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၅)ဦး၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၇)ဦး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၆)ဦး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၆)ဦး၊ အာခါတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၄)ဦး နှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၇)ဦး စုစုပေါင်း (၄၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးရေးရာ  ကိုယ်စားလှယ်လောင်း (၄၃)ဦးတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၆)ဦး ပါဝင်သည်။

၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~