ဧရာဝတီမြစ်ရေကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပါက အလျင်အမြန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် မကွေးတိုင်းမီးသတ်တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်ထား

ဧရာဝတီမြစ်ရေကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပါက အလျင်အမြန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် မကွေးတိုင်းမီးသတ်တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်ထား
သြဂုတ် 3, 2020
By Tachileik News Agency
ဧရာဝတီမြစ်ရေကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပါက အလျင်အမြန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် မကွေးတိုင်းမီးသတ်တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်ထား

ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် ဖြစ်ပေါ်လာမည့်စိန်ခေါ်မှုများအပေါ် ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် အဆင်သင့်ရှိနေကြောင်း မကွေးတိုင်းမီးသတ်တပ်ဖွဲ့က ပြောကြားသည်။

“တိုင်းဒေသကြီးအစိုးရက စက်သုံးဆီကအစ ပြင်ဆင်ထိန်းသိမ်းစရိတ်အထိ လိုလေသေးမရှိအောင် ဖြည့်ဆည်း ပေးထားတယ်။ Men Power ၊ Equipment Power ၊ Technological Power တွေ ပြည့်စုံအောင်လည်း  တပ်ဖွဲ့ ဝင်တွေကို ကယ်ဆယ်ရေးနည်းပညာတွေ အဆက်မပြတ် လေ့ကျင့်ထားတဲ့အတွက် ဖြစ်ပေါ်လာမယ့် ရေကြီးရေ လျှံမှုကြောင့် ဖြစ်ပေါ်လာမယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ရှိနေပါတယ်” ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က သြဂုတ်လ(၁)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလော ဧရာဝတီမြစ်ရေကြီး၍ မြစ်ကမ်းနီးကျေးရွာများနှင့် လူနေရပ်ကွက်များသို့ ရေဝင်ရောက်မှုများရှိနေသည့်အတွက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရပြီး မြစ်ရေကြီးမှု နှင့် မိုးကြီး၍ဖြစ်ပေါ်လာမည့် သဘာဝဘေးများအတွက် ရေပြင်/ မြေပြင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြို့နယ်(၂၅)ခု၌ တစ်မြို့နယ်လျှင် (၃၅)ဦးနှုန်းဖြင့် ကယ်ဆယ်ရေးအင်အား(၈၇၅) ဦး ၊ မကွေးတိုင်းအခြေစိုက်စခန်း၌ တပ်ခွဲတစ်ခွဲစာ (၁၁၆) ဦး ၊ စုစုပေါင်း(၉၉၁)ဦး ၊ Speed Boat (၆)စီး ၊ ရာဘာလေသွင်းလှေ (၄)စီး တို့ အပါအဝင် ရေယာဉ်(၂၈)စီး နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အရံသင့် စုဖွဲ့ပြင်ဆင်ထားကြောင်း သိရသည်။

မြစ်ရေကြီးမှုအခြေအနေကို ပြည်သူများ အမြန်သိရှိနိုင်ရန် ရေပြင်ကယ်ဆယ်ရေးအဖွဲ့များကို ရေကင်းများချထား ပေးလျက်ရှိပြီး ရေကင်းအဖွဲ့က မြစ်ရေတက်မှု၊ ဆည်တမံများမှ ရေလွှတ်မှု ၊ စိုးရိမ်ရေမှတ်ရောက်ရှိမှု အခြေအနေများကို Hand Speaker များဖြင့် အသိပေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်အတွင်း၌ မြစ်ရေကြီးမှု သဘာဝဘေးကြုံခဲ့ရပြီးနောက် လူဦးရေသိန်းနှင့်ချီသည့် သဘာဝဘေးအတွေ့အကြုံ ရှိခဲ့သည့်အပေါ် ဖြစ်နိုင်ချေများကိုတွက်ချက်ကာ ဌာနဆိုင်ရာ နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်မှုများလည်း လုပ်ဆောင်ထား ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာန မှ သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~