မကွေးတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးရမိထားသော လူပေါင်း (၁၀၀)ကျော်ပါဝင်ဖွယ်ရှိသည့် လောင်းကစားဝိုင်းကိစ္စတွင် နယ်မြေခံရဲများ ပါဝင်ပတ်သက်မှု ရှိ၊မရှိ စိစစ်မည်

မကွေးတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးရမိထားသော လူပေါင်း (၁၀၀)ကျော်ပါဝင်ဖွယ်ရှိသည့် လောင်းကစားဝိုင်းကိစ္စတွင် နယ်မြေခံရဲများ ပါဝင်ပတ်သက်မှု ရှိ၊မရှိ စိစစ်မည်
အောက်တိုဘာ 21, 2019
By 🌸
မကွေးတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့်  ဖမ်းဆီးရမိထားသော လူပေါင်း (၁၀၀)ကျော်ပါဝင်ဖွယ်ရှိသည့် လောင်းကစားဝိုင်းကိစ္စတွင် နယ်မြေခံရဲများ ပါဝင်ပတ်သက်မှု ရှိ၊မရှိ စိစစ်မည်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို နယ်မြေခံရဲတပ်ဖွဲ့မပါစေဘဲ တိုက်ရိုက် ကိုင်တွယ်ဖမ်းဆီးစေခဲ့ရာမှ လောင်းကစားဝိုင်းမှ ကား၊ဆိုင်ကယ် (၁၀၇)စီးနှင့် လောင်းကစားပြုလုပ်သူ (၁၃) ဦးအား ရေစကြိုမြို့နယ်၌ ဖမ်းမိပြီးနောက် နယ်မြေခံရဲတပ်ဖွဲ့အား စိစစ်အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

 “သူတို့ရဲ့ ပါဝင်ပတ်သက်မှုအပေါ် စိစစ်ပြီးတော့မှ ကျွန်တော်တို့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ” ဟု မကွေးတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်က အောက်တိုဘာလ (၂၀)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းရဲတပ်ဖွဲ့အနေဖြင့်လည်း သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးမှုများပြုလုပ်လျှက်ရှိရာ လွန်ခဲ့သည့် တစ်လကျော်ခန့်က  မြိုင်နှင့် ပခုက္ကူမြို့နယ်များမှ လောင်းကစားဝိုင်းကြီးများအား ဆိုင်ကယ်များ၊ လက်ကိုင်ဖုန်းများ၊ လောင်းကြေးငွေများနှင့်တကွ ဖမ်းဆီးနိုင်ခဲ့သဖြင့် မည်သူမဆို ရာဇဝတ်မှုကျူးလွန်ကြောင်း သတင်းရရှိပါက မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားရန် ဖိတ်ခေါ်ကြောင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ဝန်ကြီးချုပ်၏ တာဝန်ပေးချက်အရ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လယ် (၂) နာရီကျော်တွင် ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ၊ တောထဲရှိ ဂျင်ဝိုင်းလောင်းကစားဝိုင်း ပြုလုပ်ရာနေရာသို့ အသွင်ယူ ဝင်ရောက်ဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးရာတွင် ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေကြသူ (၁၃)ဦးနှင့်အတူ လက်ကိုင်ဖုန်း မျိုးစုံ(၁၀)လုံး၊ မော် တော်ယာဉ်မျိုးစုံ (၇)စီး၊ မော်တော်ဆိုင်ကယ် အစီး(၁၀၀)၊ ဂျင်ဝိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြု သော ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေစက္ကူရောရာ ငွေကျပ်(၃၂)သိန်းကျော်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာ၌ အောက်တိုဘာလ (၁၉)ရက်နေ့တွင် “ကျွန်တော့်ကို သတင်းပေးတဲ့ နယ်ခံရွာသူ/သားတွေ ကိုယ်တိုင်က ၊ ရေစကြိုရဲ ၊ ပခုက္ကူရဲ သိလို့မဖြစ်ပါ ။ သိလျှင် အလုပ်မဖြစ်ပါ ဆိုလို့ဖမ်းမဲ့နေ့ ၊ မနက်ကျမှသာလျှင် ၊ မကွေးမြို့မှ ရဲမှူးဌေးလွင် ၊ ဦးဆောင်သော ရဲတပ်ဖွဲ့ကို ၊ အရပ်သားများအဖြစ် ၊ လျှို့ဝှက်စေလွှတ် ၊ ဖမ်းဆီးခိုင်းရခြင်း ဖြစ်ပါသည် ။ စီးနင်း ဖမ်းဆီးမည့် အစီအစဉ်ကို ၊ ရေစကြိုရဲ ၊ ပခုက္ကူရဲ လုံးဝမသိပါ။ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ၊ ဒုတိုင်းရဲတပ်ဖွဲ့မှူးများမှလွဲ၍ မသိကြပါ။ ယခုလဲ ၊ သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ဆိုင်ကယ်များ ၊ ကmးများကို အစားထိုးလဲလှယ်မည်ဟု ကြားသိရသဖြင့် ၊ လိုအပ်သလို ညွှန်ကြားထားပါကြောင်း ” ဟု ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

လောင်းကစားဝိုင်းနှင့်အတူ ဖမ်းမိသည့် ကားဆိုင်ကယ်နှင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းထားပြီး ဖမ်းမိသူ (၁၃)ဦးကို ရေစကြိုမြို့မရဲစခန်းတွင် (ပ)၅၀၃/၂ဝ၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) အရ အမှုဖွင့် စစ်ဆေးနေသည်ဟု သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ-ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မေကြးတုိင္းဝန္ႀကီးခ်ဳပ္၏ ညႊန္ၾကားခ်က္ျဖင့္  ဖမ္းဆီးရမိထားေသာ လူေပါင္း (၁၀၀)ေက်ာ္ပါဝင္ဖြယ္ရိွသည့္ ေလာင္းကစားဝိုင္းကိစၥတြင္ နယ္ေျမခံရဲမ်ား ပါဝင္ပတ္သက္မႈ ရိွ၊မရိွ စိစစ္မည္
*********
မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က တိုင္းေဒသႀကီးရဲတပ္ဖဲြ႔ကို နယ္ေျမခံရဲတပ္ဖြဲ႕မပါေစဘဲ တိုက္ရိုက္ ကိုင္တြယ္ဖမ္းဆီးေစခဲ့ရာမွ ေလာင္းကစားဝိုင္းမွ ကား၊ဆုိင္ကယ္ (၁၀၇)စီးႏွင့္ ေလာင္းကစားျပဳလုပ္သူ (၁၃) ဦးအား ေရစႀကိဳၿမိဳ႕နယ္၌ ဖမ္းမိၿပီးေနာက္ နယ္ေျမခံရဲတပ္ဖြဲ႕အား စိစစ္အေရးယူမႈမ်ား ေဆာင္ရြက္သြားမည္ဟု ဒုတိုင္းရဲတပ္ဖြဲ႕မွဴးထံမွ သိရသည္။

 “သူတို႔ရဲ႕ ပါဝင္ပတ္သက္မႈအေပၚ စိစစ္ၿပီးေတာ့မွ ကၽြန္ေတာ္တို႔က ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္သြားမွာပါ” ဟု မေကြးတိုင္းေဒသႀကီး ဒုတိယရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီး ခင္ေမာင္လတ္က ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းရဲတပ္ဖဲြ႔အေနျဖင့္လည္း သတင္းရရိွပါက အခ်ိန္ႏွင့္တစ္ေျပးညီ ဖမ္းဆီးမႈမ်ားျပဳလုပ္လွ်က္ရိွရာ လြန္ခဲ့သည့္ တစ္လေက်ာ္ခန္႔က  ၿမိဳင္ႏွင့္ ပခုကၠဴၿမိဳ႕နယ္မ်ားမွ ေလာင္းကစားဝိုင္းႀကီးမ်ားအား ဆိုင္ကယ္မ်ား၊ လက္ကိုင္ဖုန္းမ်ား၊ ေလာင္းေၾကးေငြမ်ားႏွင့္တကြ ဖမ္းဆီးႏိုင္ခဲ့သျဖင့္ မည္သူမဆို ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း သတင္းရရိွပါက မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔သို႔ သတင္းေပးတိုင္ၾကားရန္ ဖိတ္ေခၚေၾကာင္း ဒုတိယရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ခင္ေမာင္လတ္က ေျပာသည္။

ဝန္ႀကီးခ်ဳပ္၏ တာဝန္ေပးခ်က္အရ တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈) ရက္ေန႔ ေန႔လယ္ (၂) နာရီေက်ာ္တြင္ ေရစႀကိဳၿမိဳ့နယ္၊ ဖူလုံေက်းရြာ၊ ေတာထဲရိွ ဂ်င္ဝိုင္းေလာင္းကစားဝိုင္း ျပဳလုပ္ရာေနရာသို႔ အသြင္ယူ ဝင္ေရာက္ဖမ္းဆီးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ဖမ္းဆီးရာတြင္ ဂ်င္ဝိုင္းေလာင္းကစားျပဳလုပ္ေနၾကသူ (၁၃)ဦးႏွင့္အတူ လက္ကိုင္ဖုန္း မ်ိဳးစုံ(၁၀)လုံး၊ ေမာ္ ေတာ္ယာဥ္မ်ိဳးစုံ (၇)စီး၊ ေမာ္ေတာ္ဆိုင္ကယ္ အစီး(၁၀၀)၊ ဂ်င္ဝိုင္းေလာင္းကစားျပဳလုပ္ရာတြင္ အသုံးျပဳ ေသာ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြစကၠဴေရာရာ ေငြက်ပ္(၃၂)သိန္းေက်ာ္တို႔ကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္က ၎၏လူမႈကြန္ယက္ စာမ်က္ႏွာ၌ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ “ကြၽန္ေတာ့္ကို သတင္းေပးတဲ့ နယ္ခံ႐ြာသူ/သားေတြ ကိုယ္တိုင္က ၊ ေရစႀကိဳရဲ ၊ ပခုကၠဴရဲ သိလို႔မျဖစ္ပါ ။ သိလွ်င္ အလုပ္မျဖစ္ပါ ဆိုလို႔ဖမ္းမဲ့ေန႔ ၊ မနက္က်မွသာလွ်င္ ၊ မေကြးၿမိဳ႕မွ ရဲမႉးေဌးလြင္ ၊ ဦးေဆာင္ေသာ ရဲတပ္ဖြဲ႕ကို ၊ အရပ္သားမ်ားအျဖစ္ ၊ လွ်ိဳ႕ဝွက္ေစလႊတ္ ၊ ဖမ္းဆီးခိုင္းရျခင္း ျဖစ္ပါသည္ ။ စီးနင္း ဖမ္းဆီးမည့္ အစီအစဥ္ကို ၊ ေရစႀကိဳရဲ ၊ ပခုကၠဴရဲ လုံးဝမသိပါ။ မေကြးတိုင္း ရဲတပ္ဖြဲ႕မႉး ၊ ဒုတိုင္းရဲတပ္ဖြဲ႕မႉးမ်ားမွလြဲ၍ မသိၾကပါ။ ယခုလဲ ၊ သက္ေသခံအျဖစ္ သိမ္းဆည္းထားသည့္ ဆိုင္ကယ္မ်ား ၊ ကmးမ်ားကို အစားထိုးလဲလွယ္မည္ဟု ၾကားသိရသျဖင့္ ၊ လိုအပ္သလို ၫႊန္ၾကားထားပါေၾကာင္း ” ဟု ေရးသားေဖၚျပထားသည္ကို ေတြ႔ရသည္။

ေလာင္းကစားဝိုင္းႏွင့္အတူ ဖမ္းမိသည့္ ကားဆုိင္ကယ္ႏွင့္ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းထားၿပီး ဖမ္းမိသူ (၁၃)ဦးကို ေရစႀကိဳၿမိဳ့မရဲစခန္းတြင္ (ပ)၅၀၃/၂ဝ၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က) အရ အမႈဖြင့္ စစ္ေဆးေနသည္ဟု သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု-ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net