မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း Covid-19 ပြည်တွင်းကူးစက်ခံရသူများ ထပ်တိုးလာ၍ (၈၂)ဦးအထိ ရှိလာ

မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း Covid-19 ပြည်တွင်းကူးစက်ခံရသူများ ထပ်တိုးလာ၍ (၈၂)ဦးအထိ ရှိလာ
သြဂုတ် 24, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း Covid-19  ပြည်တွင်းကူးစက်ခံရသူများ ထပ်တိုးလာ၍ (၈၂)ဦးအထိ ရှိလာ 
မြန်မာနိုင်ငံအတွင်း  Covid-19  ပြည်တွင်းကူးစက်ခံရသူ (၁၀)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ ည(၈)နာရီအချိန်က သတင်းထုတ်ပြန်ကြေညာလိုက်သည့်အတွက် ရက်ပိုင်းအတွင်း၌ ပြည်တွင်းကူးစက်ခံရသူ (၈၂)ဦးအထိ ရှိလာပြီဖြစ်သည်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ Covid-19  ပြည်တွင်းကူးစက်ခံရသူ (၁၀)ဦးတွင် Case - 464 နှင့် Case - 465  တို့ (၂)ဦးမှာ  စစ်တွေမှ ပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19  ပြည်တွင်းကူးစက်ခံရသူများ စုစုပေါင်း (၈၂)ဦးအထိ ရှိသွားပြီး စစ်တွေမြို့တွင် (၇၁)ဦး၊ ဘူးသီးတောင်မြို့တွင် (၄)ဦး မြောက်ဦးမြို့တွင် (၃)ဦးနှင့် သံတွဲမြို့တွင် (၂)ဦး အပြင် စစ်တွေမြို့မှ ရန်ကုန်သို့ ပြန်လာသူ (၂)ဦး တို့ဖြစ်သည်။
 
မြန်မာနိုင်ငံအတွက် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ သြဂုတ်လ (၂၄)ရက်နေ့ ည(၈)နာရီအထိ အတည်ပြုလူနာစုစုပေါင်းမှာ (၄၇၄)ဦးရှိနေပြီး (၆)ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~