တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီး တစ်ဦး  သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီး တစ်ဦး  သေဆုံး
ဇူလိုင် 30, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိသူ အသက်(၇၁)နှစ်ရှိ အမျိုးသမီးတစ်ဦး ဇူလိုင်လ(၂၉)ရက် ညပိုင်းက သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၇၁)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရောဂါအခံရှိသူဖြစ်ကြောင်း နှင့် ၎င်းသည် တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့်ဆွေမျိုးတော်စပ်သူတို့သည် ဇူလိုင်လ(၂၉)ရက်နေ့ ည(၇)နာရီခွဲကျော်အချိန်က ဆုပြည့်စုံ သားဖွား/မီးယပ်အထူးကုဆေးခန်းသို့ အသက်ရှုကြပ်၍ဟုဆိုကာ ရောက်ရှိလာပြီးနောက် ကိုယ်ရေးအချက်အလက်များ မေးမြန်းခြင်း၊ ကျန်းမာရေးအခြေအနေများ စစ်ဆေးခြင်းများ လုပ်ဆောင်ပြီး လူနာအား အောက်စီဂျင်ပေးထားကာ ရောဂါအခြေအနေအရ မသင်္ကာ၍ ည(၉)နာရီအချိန်တွင် RDT Test Kit ဖြင့် Covid-19 စစ်ဆေးရာ ပိုးတွေ့ရှိရသည့်တွက် ပြည်သူ့ဆေးရုံသို့ သွားရောက်ရန် လိုအပ်ကြောင်း ချက်ချင်း ပြောကြားရာ ၎င်းတို့သည် ကားစောင့်ပြီး ည(၁၀)နာရီကျော်အချိန်တွင် ဆုပြည့်စုံမှ ထွက်ခွာသွားကြကြောင်း သိရသည်။

နောက်ဆက်တွဲအခြေအနေအရ ၎င်းတို့သည် ဆေးရုံကြီးသို့ ခေါ်ဆောင်မသွားတော့ဘဲ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပြီးနောက် နေအိမ်တွင် သေဆုံးသွားသည့်အတွက် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်းက မယ်ယန်း တရုတ်သုဿန်သို့ ဇူလိုင်လ(၃၀)ရက်နေ့ အကူပိုင်းတွင် ညတွင်းချင်း သယ်ယူပို့ဆောင်ကို မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့ကစ၍ ဇူလိုင်လ(၃၀)ရက်နေ့အထိ Covid-19 ကူးစက်ခံရပြီး ရောဂါအခါရှိသူ သေဆုံးမှုအဖြစ် (၇)ဦး ရှိလာပြီး Covid-19 ကူးစက်ခံရသူမှာလည်း (၁၂၀၀)ကျော်ရှိကာ ဆေးရုံမှာ ဆင်းခွင့်ရရှိသွားသူမှာ (၆၀၀)နီးပါးအထိ ရှိကြောင်း သိရသည်။



#TachileikNewsAgency