ကျောက်မဲမြို့တွင် ရန်ကုန်က ပြန်လာသူ တစ်ဦး Home Quarantine သတ်မှတ်ချက်ကို ဖောက်ဖျက်၍ မိမိစရိတ်ဖြင့် Facility Quarantine ပြောင်းလဲ သတ်မှတ်ထားရ

ကျောက်မဲမြို့တွင် ရန်ကုန်က ပြန်လာသူ တစ်ဦး Home Quarantine သတ်မှတ်ချက်ကို ဖောက်ဖျက်၍ မိမိစရိတ်ဖြင့် Facility Quarantine ပြောင်းလဲ သတ်မှတ်ထားရ
စက်တင်ဘာ 5, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ရန်ကုန်က ပြန်လာသူ တစ်ဦး Home Quarantine သတ်မှတ်ချက်ကို ဖောက်ဖျက်၍ မိမိစရိတ်ဖြင့် Facility Quarantine ပြောင်းလဲ သတ်မှတ်ထားရ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရန်ကုန်မြို့မှ ပြန်လာသူ တစ်ဦးအား နေအိမ်အတွင်းအသွားအလာ ကန့်သတ်ထား Home Quarantine ရာမှ ကန့်သတ်မှုဖေါက်ဖျက်သဖြင့် စက်တင်ဘာလ (၅)ရက်တွင် မိမိစရိတ်ဖြင့် Facility Quarantine အဖြစ် ပြောင်းလဲထားရှိတော့မည် ဟု ကျောက်မဲမြို့နယ် Covid-19 ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူထံက သိရသည်။
"Home Quarantine ထားရှိတာတွေကို မလိုက်နာ ကြတဲ့အတွက် အခုကစပြီး အဲ့လို ရန်ကုန်နဲ့ ရခိုင် ပြည်နယ်က ပြန်လာသူ အားလုံးကို Facility Quarantine (မိမိစရိတ်နဲ့)  အဖြစ်ပဲ ထားရှိတော့မှာ ဖြစ်ပါတယ်၊ အဲ့အတွက် ကျန်းမာရေး ဌာနကလဲ ဒီနေ့ပဲ ညွှန်ကြားစာ ပို့ထားပါပြီ"ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ (၅)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
Covid-19 ကူးစက်ရောဂါ တစ်ကျော့ပြန် ပြန်လည်ပျံ့ပွားလာခြင်းကြောင့် ရန်ကုန်နှင့် ရခိုင်ပြည် နယ်တို့မှ ပြန်လာသူ အားလုံးကို စက်တင်ဘာလ ပထမပတ်တွင်းက စတင်၍ နေအိမ်အသွားအလာ ကန့်သတ်မှုဖြင့် ထားရှိစေခြင်းဖြစ်ပြီး သတ်မှတ်စည်းကမ်းအား ဖေါက်ဖျက်သူ တစ်ဦးရှိလာသည့်အတွက် အားလုံးကို Facility Quarantine အဖြစ် စက်တင်ဘာ (၅)ရက်က စတင်၍ ​ပြောင်းလဲ ထားရှိတော့မည် ဖြစ်သည်။
''သူက ရန်ကုန်ကနေလာတာ၊ အဲ့ဒါကြောင့် Home Quarantine ထားထားတယ်၊ ဒါပေမယ့် ခဏခဏ အပြင်ထွက်တယ်လို့ အကြောင်းကြား တာတွေ ကြားသိရတဲ့အတွက် (၂)ကြိမ်၊ (၃)ကြိမ်သတိပေးတာတောင် မလိုက်နာလို့ Facility Quarantine မှာ ထားလိုက်တယ်။ ကျန်တဲ့သူ့အိမ်သားတွေကိုရော Home Quarantine အဖြစ် ထပ်ထားထားတယ်၊ အဲ့ဒါက ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ထားရတာ ဖြစ်ပါတယ်၊ ဥပဒေအရ အရေးယူတာတွေ မလုပ်ခင် အဲ့လိုအရင် ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်" ဟု ကျောက်မဲခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့ အမှတ် (၂)ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ ရန်ကုန်မှ လာရောက်သူတစ်ဦးအား နေအိမ်အသွား အလာ ကန့်သတ်ထားရာ နေအိမ်မှ မကြာခဏ အပြင်ထွက် စျေးဝယ်နေသည်ကို တာဝန်သိ ပြည်သူများက တွေ့ရှိ အကြောင်း ကြားခဲ့သဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ရာ မလိုက်နာသည့်အတွက် အမှတ် (၈)ရပ်ကွက်ရှိ ရက်ကန်းကျောင်း၌ Facility Quarantine တွင် မိမိအစီအစဉ် ကုန်ကျစရိတ်ဖြင့် စက်တင်ဘာ (၅)ရက်တွင် စတင် ထားရှိလိုက်ခြင်း ဖြစ်သည်။
Covid ရောဂါ ပြန်လည် ပျံ့ပွားလာမှုကြောင့် ကျောက်မဲတွင် ပြည်ပပြန်နှင့် ရန်ကုန်၊ ရခိုင်ပြည် ပြန်များအတွက် ကျန်းမာရေးစစ်ဆေးမှု စင်တာ ( Check Point )ကို စက်တင်ဘာ (၄)ရက်က စတင်၍ ပြန်လည် ထားရှိခဲ့ခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~