တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းပေါ်က လက်တွေ့ အခြေအနေများကို ဒေသခံများ ပြောပြီ

တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းပေါ်က လက်တွေ့ အခြေအနေများကို ဒေသခံများ ပြောပြီ
ဇူလိုင် 31, 2020
By Tachileik News Agency

တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းပေါ်က လက်တွေ့ အခြေအနေများကို ဒေသခံများ ပြောပြီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုထဲက လူသူအသွားအလာများတဲ့ လွယ်စတုံသွားလမ်းမကြီးဟာ နှစ်စဉ်ပုံမှန်အတိုင်း မိုးရာသီရောက်ပြီဆိုရင် သိသိသာသာ ပျက်စီးနေဆဲဖြစ်တဲ့ အတွက် ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ဖို့သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလမ်းကို အသုံးပြုသွားလာနေတဲ့ လုပ်ငန်းသုံးယာဉ်ကြီးတွေက အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေတဲ့အတွက်ကြောင့်မလို့ နွေရာသီကာလမှာဆိုရင် လမ်းဘေးကအိမ်တွေမှာ ဖုန်တွေကြောင့် နေထိုင်ဖို့အခက်အခဲရှိနေသလို လမ်းပျက်စီးမှုတွေ ဆိုးရွားစွာဖြစ်နေပါတယ်။

မိုးတွင်းကာလမှာဆိုရင်လည်း ရွှံ့ဗွက်တွေ ဖြစ်ပေါ်ပြီး သွားလာဖို့ခက်ခဲသလို နွေရာသီကာလမှာ ဖုန်ထူတဲ့အတွက် ဒီလမ်းကို  နေ့စဉ်အသုံးပြုနေရသူတွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလို ပြောပြထားကြပါတယ်။

ဒီလမ်းကို အသုံးပြုနေတဲ့ လုပ်ငန်းသုံးယာဉ်ကြီးများ အနေနဲ့ ကျေးရွာတွေအနီးမှာ အရှိန်လျော့မောင်းနှင်စေဖို့ Slow Down တွေကို ရွာတွေနားမှာ ပြုလုပ်ထားပေမယ့် လမ်းကိုမြေဖို့လိုက်တဲ့အတွက် ပျောက်ပျက်သွားခဲ့ပါတယ်။

နွေရာသီတွေမှာ လုပ်ငန်းသုံးယာဉ်ကြီးတွေ ဖြတ်သန်းသွားချိန်မှာ ဖုန်မှုန့်တွေမထဖို့အတွက် ကုမ္ပဏီတွေနဲ့ ကျေးရွာကပြည်သူတွေ ညှိနှိုင်းခဲ့ပေမယ့် ရက်အနည်းငယ်သာ လိုက်နာဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~