ဝူဟန်အဆုတ်ရောင်ရောဂါ မကူးစက်ရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ကားနှင့်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ စစ်ဆေးမည်

ဝူဟန်အဆုတ်ရောင်ရောဂါ မကူးစက်ရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ကားနှင့်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ စစ်ဆေးမည်
ဇန်နဝါရီ 31, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ဝူဟန်အဆုတ်ရောင်ရောဂါ မကူးစက်ရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ကားနှင့်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ စစ်ဆေးမည်

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ  ဝူဟန်အဆုတ်ရောင်ရောဂါလို့ ခေါ်တဲ့ကိုရိုနာဗိုင်းရပ် ကူးစပ်မှု မရှိစေရေးအတွက်  မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှာ အလိုလျောက် ကိုယ်ပူချိန်တိုင်းတာပေးတဲ့ သာမယ်စကင်နာစက်ကို တပ်ဆင်ထားရှိပြီး  လမ်းလျှောက်ဝင်ရောက်သူတွေကို စစ်ဆေးရာကနေ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ကစတင်ကာ ကား၊ ဆိုင်ကယ်နဲ့ ဝင်ရောက်လာသူတွေကို စစ်ဆေးဖို့ စီစဉ်နေကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

တာချီလိတ်ခရိုင်အတွင်းက နယ်စပ်ဝင်ပေါက် (၄) ခုမှာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူတွေကို ဝူဟန်အဆုတ်ရောင်ရောဂါလို့ ခေါ်တဲ့ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုအဖြစ်  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က စတင်ခဲ့ပေမယ့် လက်ကိုင်အပူငွေ့တိုင်းကိရိယာနဲ့သာ စစ်ဆေးတာဖြစ်လို့ နိုင်ငံခြားသားများကိုသာ သီးခြားစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၇) ရက်နေ့မှတော့ာ တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှာ သာမယ်စကင်နာစက် တပ်ဆင်ခဲ့ပြီးတော့ လမ်းလျှောက်ဖြတ်သန်းဝင်ရောက်လာသူတိုင်းကို စစ်ဆေးမှုတွေလုပ်ဆောင်နိုင်ခဲ့ပြီး ကား၊ ဆိုင်ကယ်တွေနဲ့ ဖြတ်သန်းသူတွေကိုပါ စစ်ဆေးနိုင်ရေးစီစဉ်နေတာဖြစ်ပါတယ်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~