ကယားပြည်နယ်ထဲမှာ COVID 19 ကာကွယ်ရေးစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အထက်တန်းကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပေးထား

ကယားပြည်နယ်ထဲမှာ COVID 19 ကာကွယ်ရေးစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အထက်တန်းကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပေးထား
ဇူလိုင် 21, 2020
By Tachileik News Agency
ကယားပြည်နယ်ထဲမှာ COVID 19 ကာကွယ်ရေးစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အထက်တန်းကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပေးထား

ကယားပြည်နယ်တွင်းထဲက အခြေခံပညာအထက်တန်းကျောင်း (၅၆)ကျောင်းရှိတဲ့အထဲမှာ လတ်တလောမှာတော့  COVID 19 ကာကွယ်ရေးစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အထကကျောင်းပေါင်း (၁၈)ကျောင်းကို ဇူလိုင်(၂၁)ရက်နေ့က စပြီး ဖွင့်လှစ်ခွင့်ပြုထားပြီ ဖြစ်ပါတယ်။

ပညာရေးဌာနက  ကျောင်းသားများကို တစ်ဦးချင်းစီအလိုက် mask တွေ Face Shield တွေကို အခမဲ့ပေးထားသလို ပြည်နယ်အစိုးကလည်း လိုအပ်တာများကို ထောက်ပံ့ပေးထားကြောင်းနဲ့  COVID 19 ကာကွယ်ရေးစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ ကျောင်းများကို (A)အဆင့် သတ်မှတ်ကာ ဖွင့်ခွင့်ပေးထားသလို သတ်မှတ်ချက်နဲ့မညီသေးတဲ့ ကျောင်းများကိုလည်း စိစစ်မှုများ ပြုလုပ်ပြီး ဖွင့်လှစ်နိုင်ရေးအတွက် တင်ပြထားကြောင်း ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။

လတ်တလောမှာတော့ ကယားပြည်နယ်ထဲက အထက်တန်းအဆင့်ကျောင်း (၅၆)ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း (၆)ကျောင်းရှိရာမှာ   ကိုယ်ပိုင်အထက်တန်းကျောင်း(၄) အပါအဝင် စုစုပေါင်း အထက်တန်းအဆင့်ကျောင်း (၁၈)ကျောင်းသာ ဖွင့်ခွင့်ရနေသေးတာ ဖြစ်ပါတယ်၊

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~