ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် အရပ်သားများကို ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆို

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် အရပ်သားများကို ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆို
ဇူလိုင် 3, 2020
By Tachileik News Agency

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် အရပ်သားများကို ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ပန်ကျန်ကျေးရွာအတွင်း တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားစဉ်က အရပ်သားများကို တပ်မတော်က ပစ်ခတ်မှုအား စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲခရိုင်နှင့် မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များက စုပေါင်းလက်မှတ်ရေးထိုး၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် လူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံထားသည်။

ဟဲကွီကျေးရွာအုပ်စုတွင် ဇွန်လ (၂၇)ရက်နေ့နှင့် (၂၈) ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုအတွင်း တပ်မတော်က အရပ်သားများကို စုံစမ်းမေးမြန်းခြင်းမပြုဘဲ ပစ်ခတ်သည်ဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ်များက တင်ပြထားကြခြင်းဖြစ်သည်။

ရွာအနီးမှာ တိုက်ပွဲဖြစ်တဲ့အပြင် ပန်ကျန်ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ် ကျည်တွေ ကျရောက် တဲ့အတွက် ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့။ အဲဒီမှာ လုံးဆု( ဦးဆု ) နဲ့ ဒေါ်နန်းဆိုင် အပါအဝင် ဒေသခံ (၃) ဦးက ကျေးရွာထဲက ဆရာ/ ဆရာမ နားနေဆောင်ထဲကို ဝင်ပုန်းကြတော့ စစ်တပ်က လှမ်းပစ်တယ်။ လုံးဆု ကိုသေနတ်မှန်တော့ လုံးဆုက သူကအရပ်သားပါ မပစ်ပါနဲ့ဆိုပြီး တောင်းပန်နေတာကို စစ်တပ်က ထပ်ပစ်တော့ (၃) ချက်မှန်ပြီး သေသွားတယ်။ အတူပါတဲ့ ဒေါ်နန်းဆိုင်က တင်ပါးရိုးကို သေနတ် တစ်ချက်မှန်ပြီး ဆေးကုခံနေရတယ်။ ဒါကြောင့် စစ်တပ်ရဲ့ အပြုအမူတွေဟာ လူ့အခွင့်အရေးကို ထိခိုက်နေတဲ့ အတွက် စုံစမ်းစစ်ဆေးပေးဖို့ မေတ္တာရပ်ခံစာ တင်ထားတာ ဖြစ်ပါတယ် 

ဟု ကျောက်မဲမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၃) ရက်နေ့တွင် ပြောသည်။

အမျိုးသား (၁) ဦးသေဆုံးပြီး အမျိုးသမီး (၁) ဦးဒဏ်ရာရသွားသည့် အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦိးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းထွန်းဝင်းနှင့် ဦးစိုင်းထွန်းဉာဏ်တို့က မျက်မြင်သက်သေများအား သွားရောက်မေးမြန်းစုံစမ်းပြီး တွေ့ရှိချက်များအရ လူ့အခွင့်အရေးကော်မရှင်သို့ တင်ပြခြင်းဖြစ်သည်ဟု သိရသည်။

 Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~