တာချီလိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉) ဦးအား စောင့်ကြည့်(၂၁)ရက်တိတိ ထားရှိရန် တိုးမြှင့်လိုက်၍ ဧပြီလ(၂၆)ရက်နေ့မှ စောင့်ကြည့်ရက် ပြည့်မည်

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉) ဦးအား စောင့်ကြည့်(၂၁)ရက်တိတိ ထားရှိရန် တိုးမြှင့်လိုက်၍ ဧပြီလ(၂၆)ရက်နေ့မှ စောင့်ကြည့်ရက် ပြည့်မည်
ဧပြီ 12, 2020
By Tachileik News Agency
တာချီလိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉) ဦးအား စောင့်ကြည့်(၂၁)ရက်တိတိ ထားရှိရန် တိုးမြှင့်လိုက်၍  ဧပြီလ(၂၆)ရက်နေ့မှ စောင့်ကြည့်ရက် ပြည့်မည် 

နေရပ်ပြန်များအား Facilities Quarantine (၁၄)ရက်ထားရှိရာမှ (၂၁) ရက်အထိတိုးမြှင့် သတ်မှတ်လိုက်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉) ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၆)ရက်အထိ Facilities Quarantine ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်က facilities quarantine (၂၁) ရက်ပြီးလို့ရှိရင် (၇)ရက်က Home Quarantine ပေါ့။ Quarantine Zone အတွင်း လူအဝင်အထွက်ကတော့ နည်းနိုင်သမျှနည်းအောင် လုပ်ထားတာပေါ့”ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID-19 ရောဂါရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာမပြမီ (၂)ရက်မှ ရောဂါလက္ခဏာပြပြီး (၂၈)ရက် အထိရှိကြောင်းနှင့် အဆိုပါကာလအတွင်း အခြားသူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့်အတွက် နိုင်ငံအသီးသီးမှ နေရပ်ပြန်များနှင့် COVID-19 ဓါတ်ခွဲအတည်ပြုလူနာများဖြင့် အနီးကပ်ထိတွေ့သူများကို Facility Quarantine (၁၄)ရက်နှင့် နေအိမ်တွင် (၁၄)ရက် သီးခြားနေထိုင်ရန် ညွှန်ကြားထားရာမှ Facilities Quarantine ကို (၂၁)ရက်နှင့် နေအိမ်တွင် (၇)ရက် သီးခြားနေထိုင်ရန် ပြင်ဆင်သတ်မှတ်လာခြင်းဖြစ်သည်။

တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉) ဦးကို ဧပြီလ (၆)ရက်နေ့မှစ၍ Facilities Quarantine ထားရှိနေခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေစောင့်ကြည့်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (၄၀)ကျော်ဖြင့် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Contact Tracing ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက်များအရ အချို့သော Confirmed လူနာများနှင့် အသွား အလာပိတ်ပင်ကန့်သတ်ခြင်းပြီးစီးသည့်နောက် (၁၄)ရက်ကျော်သည်အထိ လူအချို့တွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ ရောဂါပိုးဆက်လက်တွေ့ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိနေရခြင်းဖြစ်သည်။

တာချီလိတ်မှ စေတနာရှင်များအနေဖြင့် အဆိုပါ စောင့်ကြည့်ခံသူများနှင့်တာဝန်ကျကြီးကြပ်သူများ Volunteer များအတွက် အစားအစာများနှင့် လက်ဆေးဆပ်ပြာများ၊ လက်အိတ်များ နှင့် mask များကို စောင့်ကြည့်စခန်းဖွင့်လှစ်ထားသည့် တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်အနောက်ဘက်ရှိ မိုးကုတ်တရားရိပ်သာတွင် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~