ရှမ်းပြည်နယ်တွင်း မြို့နယ်အားလုံးတွင် ညမထွက်ရအမိန့် ထုတ်ပြန်

ရှမ်းပြည်နယ်တွင်း မြို့နယ်အားလုံးတွင် ညမထွက်ရအမိန့် ထုတ်ပြန်
ဧပြီ 20, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း မြို့နယ်အားလုံးတွင် ညမထွက်ရအမိန့် ထုတ်ပြန်

ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် ညမထွက်ရအမိန့် ထုတ်ပြန်သွားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။

တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ မြို့နယ်အသီးသီးက ထုတ်ဖို့ ညွှန်ကြားထားတာပါ။ ဒီနေ့ပဲ အတည်ပြုချက် ကျလာတာပါ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၀)ရက်နေ့ ပြောသည်။

အဆိုပါ ညမထွက်ရအမိန့်အရ COVID 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေး ကုန်တင်ယာဉ်များအပ မည်သူမှ ခွင့်ပြုချက်မရဘဲ နေအိမ်အပြင်သို့ နေ့စဉ် ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း သွားလာခွင့်မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ဧပြီလ (၁၉) ရက်နေ့ညနေအထိ COVID-19 အတည်ပြုလူနာ (၄) ဦးရှိနေပြီဖြစ်ရာ ပြည်နယ်အတွင်းရှိ မြို့နယ် (၄၈)  ညမထွက်ရ အမိန့်အား ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~