ရန်ကုန်မှ အတည်ပြုလူနာဖြင့် ထိတွေ့သူ (၁၁)ဦးနှင့် မန္တလေးမှ စောင့်ကြည့်လူနာ (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရ၍ ကူးစက်ခံရသူ (၁၃၉)ဦး ရှိလာ

ရန်ကုန်မှ အတည်ပြုလူနာဖြင့် ထိတွေ့သူ (၁၁)ဦးနှင့် မန္တလေးမှ စောင့်ကြည့်လူနာ (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရ၍ ကူးစက်ခံရသူ (၁၃၉)ဦး ရှိလာ
ဧပြီ 24, 2020
By Tachileik News Agency
ရန်ကုန်မှ အတည်ပြုလူနာဖြင့် ထိတွေ့သူ (၁၁)ဦးနှင့် မန္တလေးမှ စောင့်ကြည့်လူနာ (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရ၍ ကူးစက်ခံရသူ (၁၃၉)ဦး ရှိလာ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့်  ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တို့၏ ၂၀၂၀ ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့တွင် ဓါတ်ခွဲနမူနာပေါင်း(၃၂၉)ခုကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂)ဦး  ထပ်တိုးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် ဧပြီလ (၂၄)ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၉) ဦး ရှိပြီဖြစ်သည်။

ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် ရန်ကုန်မှ (၁၁) ဦးနှင့် မန္တလေးမှ (၁) ဦးပါဝင်ပြီး ရန်ကုန်မှ အတည်ပြုလူနာ (၁၁)ဦးမှာ ယခင်က အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများဖြစ်ကြပြီး မန္တလေးမှ ထပ်တိုးလာသူ (၁)ဦးမှာ အတည်ပြုလူနာဖြင့်ထိတွေ့ခဲ့ခြင်းမရှိသည့် စောင့်ကြည့်လူနာဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာများအနက် (၉)ဦးမှာ ပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့်ရထားပြီး (၅)ဦးသေဆုံးသွားခြင်းဖြစ်သည်။

အတည်ပြုလူနာများကို ချင်းပြည်နယ်ရှိ တီးတိန်ဆေးရုံ၊ ရှမ်းပြည်နယ်ရှိ စဝ်စံထွန်းဆေးရုံ၊ လားရှိုးဆေးရုံနှင့် ကျိုင်းတုံဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးဆေးရုံ၊ မွန်ပြည်နယ်ရှိ မော်လမြိုင်ဆေးရုံ၊ မကွေးတိုင်းဒေသကြီးရှိ မကွေးဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတို့တွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~