Tachileik News Agency : ကျိုင်းတုံမြို့က တိုင်းနေသုဿန်

Tachileik News Agency : ကျိုင်းတုံမြို့က တိုင်းနေသုဿန်
မတ် 3, 2020
By Tachileik News Agency

ကျိုင်းတုံမြို့က တိုင်းနေသုဿန်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ပုဂ္ဂလိက သုဿန်တစ်ခုဖြစ်တဲ့ တိုင်းနေသုဿန်ကို တည်ဆောက်မှုတွေအများစု ပြီးစီးပြီဖြစ်လို့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီး ကျိုင်းတုံမြို့မှာ မြို့မသုဿန်တစ်ခုတည်းရှိတဲ့အတွက် လူဦးရေအရ သင်္ဂြိုဟ်ဖို့အခက်အခဲရှိနေတာကြောင့် အခုလို တိုင်းနေသုဿန်ကိုတည်ဆောက်ခဲ့တာဖြစ်ကြောင်း တိုင်းနေသုဿန်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းဆမ်နွန်းက ပြောပါတယ်။

တိုင်းနေသုဿန်မှာ လူမျိုး၊ ဘာသာမရွေး လက်ခံသင်္ဂြိုလ်ပေးနေကြောင်းလည်းပြန်ကြားရေးတာဝန်ခံ စိုင်းစံနွမ်းက ပြောပါတယ်။

ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မသုဿန်ဖြစ်တဲ့ ဟွေဖြန်းသုဿန်မှာ မီးသင်္ဂြိုလ်စက် (၂) လုံးနဲ့ အရိုးပြာအိုးတွေ မြှုပ်နှံထားနိုင်မဲ့ အဆောက်အဦးကိုလည်း ဆောင်ရွက်နေသလို ပုဂ္ဂလိက သုဿန်ဖြစ်တဲ့ တိုင်းနေသုဿန်မှာလည်း မီးသင်္ဂြိုလ်စက် (၄) လုံး ထားရှိပြီး နာရေးကိစ္စရပ်တွေကို ကူညီဖြေရှင်းပေးနေသလို အရိုးပြာအိုးတွေမြှုပ်နှံဖို့အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~