တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း သန္းေခါင္စာရင္းေကာက္ယူမႈမွ စာရင္းရရိွသည့္ မွတ္ပံုတင္မရိွသူမ်ားကို မွတ္ပံုတင္ထုတ္ေပးႏုိင္ရန္ စိစစ္ေန

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း သန္းေခါင္စာရင္းေကာက္ယူမႈမွ စာရင္းရရိွသည့္ မွတ္ပံုတင္မရိွသူမ်ားကို မွတ္ပံုတင္ထုတ္ေပးႏုိင္ရန္ စိစစ္ေန
သြဂုတ် 23, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လူဦးေရ သန္းေခါင္စာရင္း ေကာက္ယူေနရာတြင္ မွတ္ပံုတင္မရိွသူမ်ားႏွင့္ နံပါတ္မွားယြင္းသူမ်ားစြာ ပါဝင္ေနသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနက ျပန္လည္စိစစ္ေပးေနၿပီး မွတ္ပံုတင္ အမွန္တကယ္မရိွသူမ်ားကို ထုတ္ေပးသြားႏုိင္ရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“စာရင္းေကာက္ထားရာမွာ မွတ္ပံုတင္နံပါတ္ဂဏန္း (၅) လံုးျဖစ္တာက ေကာက္တဲ့သူေတြမွားတာလို႔ လဝကက ေျပာတယ္။ ေကာက္ရင္းနဲ႔ ဂဏန္းတစ္လံုး က်န္ခဲ့တာေပါ့။ နံပါတ္မပါတဲ့ဟာေတြကိုေတာ့ လဝကကေနၿပီးေတာ့မွ မွတ္ပံုတင္ရိွ၊ မရိွ စစ္ေဆးၿပီးေတာ့ မွတ္ပံုတင္မရေသးရင္ လုပ္ထံုးလုပ္နည္းနဲ႔အညီ လုပ္ေပးမယ္လို႔ ေျပာတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အမ်ားစုမွာ တစ္ဖက္ႏိုင္ငံသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ေနၿပီး အိမ္တြင္က်န္ရစ္သူအမ်ားစုမွာ အိမ္ေထာင္စုစာရင္းတြင္ ပါ၀င္သည့္ မိသားစုဝင္မ်ား၏ မွတ္ပံုတင္နံပါတ္မ်ား မသိရိွျခင္းမ်ားေၾကာင့္ ယင္းကဲ့သို႔ နံပါတ္မွားယြင္းမႈမ်ားစြာ ပါဝင္လာျခင္းျဖစ္သည္ဟု သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လူဦးေရသန္းေခါင္စာရင္းေကာက္ခံမႈကို  ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ (၂၉) ရက္ေန႔အၿပီး ေဆာင္ရြက္ေနရာ လူဦးေရသန္းေခါင္စာရင္းေကာက္ယူမႈတြင္ လူဦးေရမက်န္ေစေရး သတိထားေဆာင္ရြက္ရန္ ရွမ္းျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္ႏွင့္အဖြဲ႕က ၂၀၁၉ ခုနွစ္ ၾသဂုတ္လ (၂၃) ရက္ေန႔ မနက္ပိုင္းက ကြင္းဆင္းစစ္ေဆးေၾကာင္း သိရသည္။

"လူဦးေရသန္းေခါင္စာရင္းေကာက္တာကို ကြင္းဆင္းၾကည့္တာ။ ရန္ေအာင္ေျမရယ္၊ ဆန္ဆိုင္း(ခ) ရယ္မွာ ေကာက္ယူေနတာ သြားတာ။ စနစ္တက်ေကာက္ယူဖို႔နဲ႔ အိမ္မွာရိွေနတဲ့သူေတြ အိမ္ေထာင္စုမွာမပါေပမဲ့ သန္းေခါင္စာရင္းမွာ ထည့္သြင္းေဖာ္ျပဖို႔ လမ္းညႊန္သြားတယ္" ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ေျပာသည္။

သန္းေခါင္စာရင္းေကာက္ယူၿပီးပါက ရပ္ကြက္မ်ားအလုိက္ လူဦးေရစာရင္းအေသးစိတ္ကို ရပ္ကြက္၊ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားမွတစ္ဆင့္ ထုတ္ျပန္ေပးမည္ျဖစ္ရာ လာမည့္ေရြးေကာက္ပြဲတြင္ မဲေပးခြင့္မဆံုးရံႈးေစရန္ႏွင့္ မိမိတုိ႔ တုိင္းရင္းသားမ်ား၏ ေရးရာဝန္ႀကီးမဲဆႏၵနယ္မဆံုးရံႈးေစေရးအတြက္ မွတ္ပံုတင္နံပါတ္ႏွင့္ လူမ်ိဳးအမည္မ်ား မွန္ကန္ျခင္း ရိွ၊မရိွ လာေရာက္စစ္ေဆး ျပင္ဆင္ႏုိင္ၾကမည္ျဖစ္သည္။

“ ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ မဲစာရင္းၿပီးသြားရင္ ျပည္သူသိေအာင္လို႔ ေၾကညာမယ္။ မွတ္ပံုတင္ မွားတာတို႔ ကိုယ့္လူမ်ိဳးအမည္မွားတာေတြကို ျပန္လာေလွ်ာက္လို႔ရပါတယ္။ လူဦးေရက်န္တာတို႔ ဘာတို႔လည္း ျပန္လာေလွ်ာက္လို႔ ရတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးရံုးေတြမွာ ေၾကျငာမွာပါ"ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက ေျပာသည္။

လာမည့္ေရြးေကာက္ပြဲအတြက္ မဲဆႏၵနယ္မ်ား သတ္မွတ္ေရးႏွင့္ မဲေပးခြင့္ရိွသူစာရင္းမ်ား ရရိွေရးအတြက္ လူဦးေရ သန္းေခါင္စာရင္းကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ ၿမိဳ႕ေပၚ(၁၁) ရပ္ကြက္၊ ေက်းရြာအုပ္စု (၇) ခု၊ က်ိဳက္လပ္ၿမိဳ႕ႏွင့္ တာေလၿမို႕မ်ားတြင္ တစ္ၿပိဳင္တည္းေကာက္ယူေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုမှ စာရင်းရရှိသည့် မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ထုတ်ပေးနိုင်ရန် စိစစ်နေ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လူဦးရေ သန်းခေါင်စာရင်း ကောက်ယူနေရာတွင် မှတ်ပုံတင်မရှိသူများနှင့် နံပါတ်မှားယွင်းသူများစွာ ပါဝင်နေသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြန်လည်စိစစ်ပေးနေပြီး မှတ်ပုံတင် အမှန်တကယ်မရှိသူများကို ထုတ်ပေးသွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“စာရင်းကောက်ထားရာမှာ မှတ်ပုံတင်နံပါတ်ဂဏန်း (၅) လုံးဖြစ်တာက ကောက်တဲ့သူတွေမှားတာလို့ လဝကက ပြောတယ်။ ကောက်ရင်းနဲ့ ဂဏန်းတစ်လုံး ကျန်ခဲ့တာပေါ့။ နံပါတ်မပါတဲ့ဟာတွေကိုတော့ လဝကကနေပြီးတော့မှ မှတ်ပုံတင်ရှိ၊ မရှိ စစ်ဆေးပြီးတော့ မှတ်ပုံတင်မရသေးရင် လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ပေးမယ်လို့ ပြောတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း အများစုမှာ တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေပြီး အိမ်တွင်ကျန်ရစ်သူအများစုမှာ အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့် မိသားစုဝင်များ၏ မှတ်ပုံတင်နံပါတ်များ မသိရှိခြင်းများကြောင့် ယင်းကဲ့သို့ နံပါတ်မှားယွင်းမှုများစွာ ပါဝင်လာခြင်းဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုကို  ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့အပြီး ဆောင်ရွက်နေရာ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုတွင် လူဦးရေမကျန်စေရေး သတိထားဆောင်ရွက်ရန် ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့်အဖွဲ့က ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့ မနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

"လူဦးရေသန်းခေါင်စာရင်းကောက်တာကို ကွင်းဆင်းကြည့်တာ။ ရန်အောင်မြေရယ်၊ ဆန်ဆိုင်း(ခ) ရယ်မှာ ကောက်ယူနေတာ သွားတာ။ စနစ်တကျကောက်ယူဖို့နဲ့ အိမ်မှာရှိနေတဲ့သူတွေ အိမ်ထောင်စုမှာမပါပေမဲ့ သန်းခေါင်စာရင်းမှာ ထည့်သွင်းဖော်ပြဖို့ လမ်းညွှန်သွားတယ်" ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူပြီးပါက ရပ်ကွက်များအလိုက် လူဦးရေစာရင်းအသေးစိတ်ကို ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ထုတ်ပြန်ပေးမည်ဖြစ်ရာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် မိမိတို့ တိုင်းရင်းသားများ၏ ရေးရာဝန်ကြီးမဲဆန္ဒနယ်မဆုံးရှုံးစေရေးအတွက် မှတ်ပုံတင်နံပါတ်နှင့် လူမျိုးအမည်များ မှန်ကန်ခြင်း ရှိ၊မရှိ လာရောက်စစ်ဆေး ပြင်ဆင်နိုင်ကြမည်ဖြစ်သည်။

“ ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းပြီးသွားရင် ပြည်သူသိအောင်လို့ ကြေညာမယ်။ မှတ်ပုံတင် မှားတာတို့ ကိုယ့်လူမျိုးအမည်မှားတာတွေကို ပြန်လာလျှောက်လို့ရပါတယ်။ လူဦးရေကျန်တာတို့ ဘာတို့လည်း ပြန်လာလျှောက်လို့ ရတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ကြေငြာမှာပါ"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ သတ်မှတ်ရေးနှင့် မဲပေးခွင့်ရှိသူစာရင်းများ ရရှိရေးအတွက် လူဦးရေ သန်းခေါင်စာရင်းကို တာချီလိတ်မြို့နယ်အတွင်းရှိ မြို့ပေါ်(၁၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇) ခု၊ ကျိုက်လပ်မြို့နှင့် တာလေမြို့များတွင် တစ်ပြိုင်တည်းကောက်ယူနေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - မြို့နယ်အုပ်ချုပ်ရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net