PNLO ဌာနချုပ်ရှိရာ ကဒူးကြီးကျေးရွာအုပ်စုတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးရေး လုပ်ဆောင်ပေးရန် ဒေသခံများက ပြည်နယ်အစိုးရကို တောင်းဆို

PNLO ဌာနချုပ်ရှိရာ ကဒူးကြီးကျေးရွာအုပ်စုတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးရေး လုပ်ဆောင်ပေးရန် ဒေသခံများက ပြည်နယ်အစိုးရကို တောင်းဆို
မတ် 7, 2020
By Tachileik News Agency
PNLO ဌာနချုပ်ရှိရာ ကဒူးကြီးကျေးရွာအုပ်စုတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးရေး လုပ်ဆောင်ပေးရန် ဒေသခံများက ပြည်နယ်အစိုးရကို တောင်းဆို

PNLO ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ၊ ကဒူးကြီး ကျေးရွာ အုပ်စု၊ ဗန်းမတ်ကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၆)ရက်နေ့က ရှမ်းပြည်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ဦးဆောင်သည့် အဖွဲ့က လူထုနှင့်တွေ့ဆုံရာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုကြောင်း သိရသည်။

“ဒေသခံတွေက ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြကြတာမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးဖို့၊ နောက် စာသင်ကျောင်းတွေ ဆရာ၊ ဆရာမတွေ လုံလောက်မှုရှိဖို့ တင်ပြကြတယ်။ ဝန်ကြီးချုပ်က ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီကို ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း (၁၀၀) ပံ့ပိုးပေးတယ်။ နောက် ဗလာစာအုပ် ဒါဇင် (၂၀၀) ပေးတယ်”ဟု မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကဒူးကြီးကျေးရွာအုပ်စုမှ ဒေသခံလူထုနှင့် တွေ့ဆုံရန် ဗန်းမတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ မတ်လ (၆)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်က လာရောက်သည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများကို PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ PNLO ဥက္ကဌ ဗိုလ်မှူးကြီး ခွန်သူရိန်နှင့် PNLO အဖွဲ့တာဝန်ရှိသူများက ကြိုဆိုကြပြီး လူထုတွေ့ဆုံပွဲသို့  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများလည်း တက်ရောက်ကြသည်။

Tachileik News Agency
သတင်း - အင်မိုင်ခ
ဓါတ်ပုံ - မောက်မယ်ပြန်ဆက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~