မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ကို မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်မည်ဖြစ်၍ နှစ်နိုင်ငံ ဒေသခံများ မိမိတို့နိုင်ငံသို့ မတ်လ (၂၂)ရက်နေ့ အချိန်မီ ပြန်ထွက်ကြရမည်

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ကို မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်မည်ဖြစ်၍ နှစ်နိုင်ငံ ဒေသခံများ မိမိတို့နိုင်ငံသို့ မတ်လ (၂၂)ရက်နေ့ အချိန်မီ ပြန်ထွက်ကြရမည်
မတ် 21, 2020
By 🌸


မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ကို မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်မည်ဖြစ်၍ နှစ်နိုင်ငံ ဒေသခံများ မိမိတို့နိုင်ငံသို့ မတ်လ (၂၂)ရက်နေ့ အချိန်မီ ပြန်ထွက်ကြရမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁) ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှစ၍ ယာယီပိတ်မည်ဖြစ်၍ ထိုင်းဘက်ရှိ မြန်မာနိုင်ငံသားများနှင့် မြန်မာဘက်ရှိ ထိုင်းနိုင်ငံသားများ မိမိတို့နိုင်ငံဘက်သို့ မတ်လ (၂၂)ရက်နေ့တွင်အချိန်မီ ပြန်ထွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

 “တံတား (၂)ခုလုံးပိတ်ဖို့တော့ ဒီည သတင်းထုတ်ပြန်မယ်။ ကုန်စည်ကူးသန်းမှုအတွက် အထူးအနေနဲ့ကတော့ လိုအပ်တဲ့ဟာတွေ သူတို့ဆီစာတင်ရင် တာဝန်ရှိသူက တံတား (၂)ကနေ ခွင့်ပြုပေးမယ်။ ဆီတို့၊ စားသောက်ကုန်တွေစသဖြင့် သယ်လို့ရမယ်။ မြန်မာဘက်မှာ ထိုင်းတွေကျန်နေရင်လည်း မနက်ဖြန် သူတို့ဘက်ပြန်ပေါ့။ ထိုင်းဘက်မှာ ကျန်နေတဲ့ မြန်မာတွေလည်း မနက်ဖြန် ဒီဘက်ပြန်လာပေါ့”

ဟု တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း နယ်စပ်တံတား (၂)ခုရှိသည့်အနက် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)ကို မတ်လ (၂၁)ရက်နေ့မှစ၍ ပိတ်လိုက်ပြီး မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)ကိုလည်း ဆက်လက်ပိတ်ထားရန် ထိုင်းနိုင်ငံဘက်က စီစဉ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်တွင် COVID 19 အတည်ပြုလူနာ အလျင်အမြန်တိုးလာနေ၍ ရောဂါမပျံ့နှံ့စေရန် နယ်စပ်ဒေသများမှ လူအဝင်အထွက်များကို တင်းကြပ်စွာ စိစစ်ထိန်းချုပ်ပြီး နယ်စပ်တစ်ခုလျှင် နယ်စပ်ဂိတ် တစ်ခုစီသာချန်၍ ပိတ်ထားရန်နှင့် လိုအပ်ပါက နယ်စပ်ဂိတ်အားလုံး ပိတ်ထားရန် ထိုင်းနယ်စပ်မြို့များမှ တာဝန်ရှိသူများကို မတ်လ (၁၉)ရက်နေ့ကစ၍ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက မြန်မာ - ထိုင်းနယ်စပ်တလျှောက်ရှိ တရားမဝင် ဝင်ထွက်ပေါက်များကိုလည်း စိစစ်ပိတ်ပင်နေကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~