တာချီလိတ်မြို့တွင်း မိုးရာသီကာလ ရေကြီး၊ ရေလျှံမှု လျော့နည်းစေရေး စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ချိတ်ဆက်ဆောင်ရွက်နေ

တာချီလိတ်မြို့တွင်း မိုးရာသီကာလ ရေကြီး၊ ရေလျှံမှု လျော့နည်းစေရေး စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ချိတ်ဆက်ဆောင်ရွက်နေ
သြဂုတ် 25, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း မိုးရာသီကာလ ရေကြီး၊ ရေလျှံမှု လျော့နည်းစေရေး စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  ချိတ်ဆက်ဆောင်ရွက်နေ
မိုးရာသီကာလတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ဆိုးရွားစွာ ရေကြီးနစ်မြှပ်နေသည့် ရပ်ကွက်များကို စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
"ကျွန်တော်တို့ ရေကြီး ရေလျှံမှုဖြစ်ပေါ်တတ်တဲ့နေရာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်စာရေးတွေ၊ ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ကွင်းဆင်းပြီး လိုက်လံဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပုန်းထွန်ရပ်ကွက်မှာ ပိတ်ဆို့နေတဲ့အမှိုက်တွေကို လိုက်လံရှင်းလင်းဆောင်ရွက်ပြီးပါပြီ။ မြို့တွင်းက ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်တတ်တဲ့ ချောင်းတွေ၊ ရေမြောင်းတွေကို ဌာနကကြိုတင်ကာကွယ်မှုအနေနဲ့ အမှိုက်တွေပိတ်ဆို့နေတာကိုနေ့စဉ် ရှင်းလင်းဆောင်ရွက်နေပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ သန့်ရှင်းရေးဌာနစိတ်မှ ဒုတိယဦးစီးမှူး ဦးဧနော့က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့၌ ပြောသည်။
တာချီလိတ်တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက်  စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့် ရေမြောင်းများနှင့် ချောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အပြင် တောင်ကျရေများနှင့်အတူ ပါလာသည့်ရွံ့နွံ့များမှာ လမ်းမများထက်တွင် တင်ကျန်ခဲ့သဖြင့် ရေဆေးကြောသန့်ရှင်းခြင်းကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။
"ရေကြီးရေလျှံမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ပြည်သူလူထုတွေအနေနဲ့ အမှိုက်များကိုချောင်းထဲကို စည်းကမ်းမဲ့စွန့်ပြစ်ခြင်းမရှိဘဲ အိတ်တွေနဲ့သေချာလေးထုပ်ပိုးပြီးတော့ အမှိုက်ကားလာတဲ့အချိန် ကားပေါ်ကိုစနစ်တကျ စွန့်ပစ်ပေးကြဖို့ ကျွန်တော်ပြောလိုပါတယ်"ဟု ဒုတိယဦးစီးမှူး ဦးဧနော့က ပြောသည်။
တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းပါက တောင်ကျရေများ နမ့်ယွန်းချောင်း၊ မယ်ဆိုင်ချောင်းနှင့် မယ်ခေါင်ချောင်းတို့တွင် စီးဝင်တတ်သဖြင့် ရွှံ့နွံများ ပါလာတတ်သည့်အပြင် ရေမြောင်းများတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ပိတ်နေတတ်သဖြင့် ရေမြောင်းရေလျှံခြင်းများလည်း ဖြစ်လေ့ရှိသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~