မင်းလှမြို့နယ်အတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ (၆)ဦး ဖမ်းဆီးရမိ

မတ် 2, 2020
By 🌸

မင်းလှမြို့နယ်အတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ (၆)ဦး ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့အနီး လျှိုမြောင်တစ်ခုအတွင်း နိုင်ငံသားအထောက်အထားမရှိသည့် ဘင်္ဂါလီ (၆)ဦး ခိုးဝင်လာသည်ကို  ၂၀၂၀ ခုနှစ်၊ မတ်လ(၁)ရက်နေ့၌ ဖမ်းမိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းသို့ နိုင်ငံသားအထောက်အထားမဲ့သူများ ဝင်ရောက်လာကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်စဉ် မတ်လ(၁)ရက် ညနေပိုင်း၌ ရေတွင်းကြီးကျေးရွာအရှေ့ဘက်ရှိ တောအုပ်လျှိုမြောင်အတွင်း ပုန်းအောင်းနေသည့် ဘင်္ဂါလီများကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းသို့ နိုင်ငံသား အထောက်အထားမဲ့ ဘင်္ဂါလီများ မကြာခဏ ခိုးဝင် ရောက်လျှက်ရှိနေရာ ၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီလ(၁)ရက်နေ့မှ မတ်လ(၁)ရက်နေ့အထိ နိုင်ငံအထောက်အထားမရှိဘဲ ခိုးဝင်လာသူ (၄၆)ဦး ဖမ်းမိထားကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်

ဓာတ်ပုံ-ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~