ထိုင်းနိုင်ငံမှ ပြန်လွှဲပေးသည့် မြန်မာနိုင်ငံသားများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကိုယ်ပူချိန်တိုင်းတာဆောင်ရွက်ပြီးမှ ပြန်လည်လက်ခံ

ထိုင်းနိုင်ငံမှ ပြန်လွှဲပေးသည့် မြန်မာနိုင်ငံသားများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကိုယ်ပူချိန်တိုင်းတာဆောင်ရွက်ပြီးမှ ပြန်လည်လက်ခံ
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

ထိုင်းနိုင်ငံမှ ပြန်လွှဲပေးသည့် မြန်မာနိုင်ငံသားများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကိုယ်ပူချိန်တိုင်းတာဆောင်ရွက်ပြီးမှ ပြန်လည်လက်ခံ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို ဝူဟန်အဆုတ်ရောင်ရောဂါဟု သိရှိထားသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပြီးမှ စိစစ်လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တာဝန်ရှိသူများက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လည် (၁) နာရီတွင် မြန်မာနိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး (၄)ဦးနှင့် ကလေးငယ် (၁) ဦး စုစုပေါင်း (၁၀)ဦးအား လာရောက်လွှဲပြောင်းလာရာ လဝက၊ ထွေအုပ်၊ လူကုန်တား နှင့် CNCMC မှ စိစစ်လက်ခံပေးခဲ့ကြပြီး ကျန်းမာရေးဌာနကလည်း ဝူဟန်အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်)ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးက ဆိုသည်။

"ကျန်းမာရေးဌာနက ဝန်ထမ်း (၂) ယောက်ပေါ့။ မနက်တစ်ယောက်၊ ညနေတစ်ယောက်ပေါ့။ တပ်မတော်ဘက်က လာကူညီပေးတယ်။ အဓိက ကတော့ အဖျားတိုင်းတာပေါ့။ ထိုင်းဖက်ကဝင်လာတဲ့ ကုန်ကားတွေ၊ လူနာတင်ကားတွေ၊ ကျောင်းကားတွေက လူတွေကို ကားပေါ်က ဆင်းခိုင်းပြီး စစ်ဆေးနေတာပေါ့"ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၃) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - cncmc

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~