တာချီလိတ်မြို့သို့ မန္တလေးက ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့သို့ မန္တလေးက ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့သို့ မန္တလေးက ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မန္တလေးမှပြန်လာ၍ Quarantine ထားသူ (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဓာတ်ခွဲအဖြေရသည်။
COVID 19 ဖြစ်ပွားမှုများသည့်ဒေသမှ ပြန်လာသူများအား အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် quarantine ထားရှိပြီး တောင်ကြီးဓာတ်ခွဲခန်းသို့ စစ်ဆေးရာမှ COVID-19 အတည်ပြုလူနာ (၁) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တာချီလိတ်တွင် Quarantine ထားရှိပြီး တောင်ကြီးမြို့သို့ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးသည့် အထဲတွင် ပဲခူးတိုင်းမှလာသည့် လမ်းလုပ်သား (၃) ဦးနှင့် မန္တလေးမှပြန်လာသည့် အမျိုးသမီး (၁)ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၄)ရက်နေ့၌ PCR ဖြင့် စစ်ဆေးထားသူများမှ အတည်ပြုလူနာ (၄)ဦးထပ်တိုးပြီး RDT ဖြင့် စစ်ဆေးသူများမှ အတည်ပြုလူနာ (၅)ဦး ထပ်တိုးသဖြင့် နေ့လယ် (၁၁)နာရီခွဲအထိ စုစုပေါင်း အတည်ပြုလူနာ (၉)ဦးထပ်တိုးခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့ နံနက်(၁၁)နာရီအထိ Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၆၄) ဦးတွေ့ရသည့်အနက်  (၁)ဦးမှာ ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၆၃)ဦး ရှိနေသည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~