တာချီလိတ်မြို့ရှိ Ethnic Youth Tachileik တွင် လုပ်ငန်းခွင်အကြိုပြင်ဆင်ခြင်း ညနေပိုင်းသင်တန်း ဖွင့်လှစ်မည်

တာချီလိတ်မြို့ရှိ Ethnic Youth Tachileik တွင် လုပ်ငန်းခွင်အကြိုပြင်ဆင်ခြင်း ညနေပိုင်းသင်တန်း ဖွင့်လှစ်မည်
နိုဝင်ဘာ 26, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အခြေစိုက် Ethnic Youth Tachileik က လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်လိုသည့် လူငယ်များအတွက် အပတ်စဉ် စနေနေ့တိုင်း ညနေပိုင်းသင်တန်းကို ဖွင့်လှစ်ပေးထားမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှစ၍ လျှောက်ထားနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

အလုပ်ဝင်ရန် ပြင်ဆင်လိုသူများအတွက် ထိုင်း၊ အင်္ဂလိပ်၊ မြန်မာဘာသာစကား အရေး၊ အပြော၊ အခြေခံကွန်ပျူတာ (Miscrosoft Office)၊ ကွန်ပျူတာကီးဘုတ် (အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း)၊ ဘဝတွက်တာ ကျွမ်းကျင်ရာ၊ လက်မှုနှင့် ကော်ဖီဆိုင်လုပ်ငန်းများဆိုင်ရာသင်တန်းကို စနေ ညနေပိုင်းသင်တန်းအဖြစ် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

“ဒီသင်တန်းကတော့ အခုကတည်းက အပ်လို့ရပါပြီ။ သင်တန်းကြေးအခမဲ့ပါ။ အဓိကကတော့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ချင်တဲ့လူငယ်တွေကို ရည်ရွယ်တာဖြစ်လို့ အသက် (၁၄)နှစ်ကနေ (၂၂)နှစ်အရွယ် လူငယ်တွေ လျှောက်ထားလို့ရပါတယ်။ သင်တန်းလျှောက်ထားရမယ့် နောက်ဆုံးရက် သတ်မှတ်ထားတာ မရှိပါဘူး”ဟု Ethnic Youth Tachileik ၏ ဥက္ကဌ ကိုယုဒက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာဖုန်း 09 450480077 နှင့် ထိုင်းဖုန်း 0808432855 သို့လည်းကောင်း၊ Ethnic Youth Tachileik တိုင်းရင်းသားလူငယ် အမှတ်(၇/၈၄)၊ ဂေါ်သဇင်လမ်း၊ မကာဟိုခမ်းရပ်ကွက်တွင်လည်းကောင်း ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~